ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြန်ကစားခွင့်မရတော့မည်ကို ရော်ဘင် စိတ်ပူ

ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြန်ကစားခွင့်မရတော့မည်ကို ရော်ဘင် စိတ်ပူ
Photo: Getty Images
Photo: Getty Images
Published 11 April 2019

ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသည့် အသက် (၃၅) နှစ်အရွယ်ရှိ နယ်သာလန်တောင်ပံကစားသမား ရော်ဘင်သည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ရာ အသင်းအတွက် ပွဲပြန်ကစားခွင့်မရတော့မည်ကို စိတ်ပူနေခြင်းလည်း ဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းဝါရင့်တောင်ပံကစားသမား ရော်ဘင်က မိမိအနေဖြင့် အသင်းအတွက် ပြန်ကစားခွင့်မရတော့မည်ကို စိတ်ပူကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသည့် အသက် (၃၅) နှစ်အရွယ်ရှိ နယ်သာလန်တောင်ပံကစားသမား ရော်ဘင်သည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ရာ အသင်းအတွက် ပွဲပြန်ကစားခွင့်မရတော့မည်ကို စိတ်ပူနေခြင်းလည်း ဖြစ်သည်။ 

ရော်ဘင်က "ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြန်ကစားခွင့်မရတော့မှာကို ကျွန်တော် စိတ်ပူမိပါတယ်။ လက်ရှိမှာတော့ ကျွန်တော့်အနေနဲ့ ဒီရာသီမကုန်ခင် ဘောလုံးကစားနိုင်မလား၊ မကစားနိုင်ဘူးဆိုတာကလည်း မသေချာသေးပါဘူး"ဟု ပြောကြားခဲ့သည်။

ရော်ဘင်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက ဘင်ဖီကာအသင်းကို (၅-၁) ဂိုးဖြင့် အနိုင်ရသည့် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး ယင်းပွဲပြီးကတည်းက အနားယူနေရသူ ဖြစ်သည်။

ကနဦးက ရော်ဘင်၏ဒဏ်ရာမှာ ပေါင်ဒဏ်ရာဖြစ်ပြီး ဇန်နဝါရီလတွင် ပြန်ကစားနိုင်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း နောက်ပိုင်းတွင် ခြေသလုံးဒဏ်ရာပေါ်ပေါက်လာပြီး လက်ရှိအချိန်အထိ ရော်ဘင်ဒဏ်ရာအတိအကျကို စစ်ဆေး၍ မရသေးကြောင်း သိရသည်။

ရော်ဘင်က "ဘာက ပြဿနာဖြစ်နေတယ်ဆိုတာကို အတိအကျမသိရတာကြောင့် ကျွန်တော် ပိုပြီးဒေါသဖြစ်ရပါတယ်"ဟု ပြောကြားခဲ့သည်။

ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ မေလ (၁၈) ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်ပြီး ရော်ဘင်အနေဖြင့် လက်ရှိအချိန်အထိ ပွဲကစားရန် ကြံ့ခိုင်မှုပြည့်ဝသည့်အနေအထားတွင် မရှိကြောင်း သိရသည်။

Most Read

Most Recent