အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုကော်စတာ (၈)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေချမှတ်ခံရ

အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုကော်စတာ (၈)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေချမှတ်ခံရ
Photo: Reuters
Photo: Reuters
Published 11 April 2019

စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ဒီယေဂိုကော်စတာအား (၈)ပွဲပယ်ပြစ်ဒဏ်အပြင် ယူရို (၆၀၀၀) ဒဏ်ကြေးသတ်မှတ်ခဲ့ပြီး၊ ကလပ်အသင်းဖြစ်သည့် အက်သလက်တီကိုအသင်းကိုလည်း ဒဏ်ငွေယူရို (၂၈၀၀)ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ပြီးခဲ့သည့် ဧပြီလ (၆)ရက်နေ့က ယှဉ်ပြိုင်ခဲ့သော ဘာစီလိုနာအသင်နှင့်ပွဲစဉ်မှ အပြုအမူအတွက် (၈)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေချမှတ်ခံခဲ့ရကြောင်း သိရသည်။

လာလီဂါပွဲစဉ် (၃၁)အဖြစ်ယှဉ်ပြိုင်ခဲ့သော ဘာစီလိုနာ (၂-၀)အက်သလက်တီကိုပွဲစဉ်တွင် ဒီယေဂိုကော်စတာသည် ပွဲချိန် (၂၈)မိနစ်၌ ကွင်းလယ်ဒိုင်ဖြစ်သူ ဂေလ်မန်ဇာနိုအား ရိုင်းစိုင်းစွာပြောဆိုခဲ့ပြီး ကွင်းလယ်ဒိုင်ဖြစ်သူမှ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ဒီယေဂိုကော်စတာသည် အဆိုပါပွဲစဉ်တွင် ကွင်းလယ်ဒိုင်ဖြစ်သူ၏မျက်နှာအား အနီးကပ်ကြည့်ကာ ''မင်းရဲ့အမေကို ငါစော်ကားပစ်မယ်'' ဟုအဓိပ္ပါယ်ရသည့် ''Is***on your wh***Mother,Is***on your wh***Mother'' ဟုပြောဆိုခဲ့သည်ဟု ဒိုင်လူကြီးမှ ပွဲပြီးအစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

ထို့နောက် စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ဒီယေဂိုကော်စတာ၏ ရိုင်းစိုင်းသောအပြုအမူအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒီယေဂိုကော်စတာနှင့် အက်သလက်တီကိုအသင်းတို့မှာလည်း ဒဏ်ငွေပြစ်ဒဏ်များကိုလည်း အသီးသီးချမှတ်ခံခဲ့ရကြောင်းသိရသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ဒီယေဂိုကော်စတာအား (၈)ပွဲပယ်ပြစ်ဒဏ်အပြင် ယူရို (၆၀၀၀) ဒဏ်ကြေးသတ်မှတ်ခဲ့ပြီး၊ ကလပ်အသင်းဖြစ်သည့် အက်သလက်တီကိုအသင်းကိုလည်း ဒဏ်ငွေယူရို (၂၈၀၀)ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

ဒီယေဂိုကော်စတာ၏ ယခုပြစ်ဒဏ်သည် (၂၁)ရာစုအတွင်း ၂၀၀၈-၀၉ ရာသီက ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီနောက်ခံလူ ပီပီ၏ (၁၀)ပွဲပယ်ပြစ်ဒဏ်အပြီး စပိန်ဘောလုံးသမိုင်း၏ ဒုတိယမြောက် အကြီးလေးဆုံးပြစ်ဒဏ်လည်းဖြစ်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent