အိမ်ခြံမြေကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၄၀၀၀ ကျော်တန်ဖိုးရှှိ လုပ်ငန်း ၇၅ ခုအထိ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ရာခိုင်နှုန်းကျော်ရှိ

အိမ်ခြံမြေကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၄၀၀၀ ကျော်တန်ဖိုးရှှိ လုပ်ငန်း ၇၅ ခုအထိ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ရာခိုင်နှုန်းကျော်ရှိ
ရန်ကုန်မြို့ရှိ အထပ်မြင့်အိမ်ရာ အဆောက်အအုံ စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ အထပ်မြင့်အိမ်ရာ အဆောက်အအုံ စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 26 March 2019
ဇေယျာငြိမ်း

အိမ်ခြံမြေကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၄၀၀၀ ကျော်တန်ဖိုးရှိ လုပ်ငန်း ၇၅ ခုအထိ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ရာခိုင်နှုန်းကျော် အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အိမ်ခြံမြေကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားလုပ်ငန်းများတွင် အဓိက ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအကုန်အထိ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၁ ခုတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၂၂၅ ခုအထိ ဝင်ရောက်ထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၈၅၀၀ ကျော်အထိရှိကြောင်း သိရသည်။

ယင်းအနက် အိမ်ခြံမြေကဏ္ဍသို့ မြန် မာနိုင်ငံသားရင်းမြှုပ်နှံမှုပမာဏ ကျပ် ၄၀၈၄ ဒသမ ၉၇၄ ဘီလျံကျော် တန်ဖိုးရှိ လုပ်ငန်း ပေါင်း  ၇၅ ခု အထိဝင်ရောက်ရင်းနှီးမြှုပ်နှံ ထားပြီး စုစုပေါင်းမြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုပမာဏ၏ ၂၄ ဒသမ ၁၅ ရာ ခိုင်နှုန်း အထိရှိသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ် နှံမှုပမာဏ ကျပ်၂၇၀၀ ဘီလျံကျော်ဝင် ရောက်ထားပြီး ၁၆ ဒသမ ၃၂ ရာခိုင်နှုန်းရှိ ကာ ဒုတိယအများဆုံး ဝင်ရောက်ထားခြင်း ဖြစ်သည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၂၄၀၀ ဘီလျံကျော် ဝင်ရောက်ထားပြီး ၁၄ ဒသမ ၅၆ ရာခိုင်နှုန်းရှိကာ တတိယအများ ဆုံးဝင်ရောက်ထားခြင်းဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ၁၀ ဒသမ၂၄ ရာခိုင်နှုန်း၊ စက်မှုဇုန်လုပ်ငန်း ကဏ္ဍတွင် ၅ ဒသမ ၁၀ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၅ ဒသမ ၀၈ ရာ ခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် သုံးရာခိုင်နှုန်း ကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတွင် နှစ်ရာခိုင်နှုန်းကျော်၊ သတ္တုတွင်းထွက်လုပ်ငန်းတွင် တစ်ရာခိုင်နှုန်းကျော်၊  စိုက်ပျိုးရေးကဏ္ဍတွင် တစ်ရာခိုင်နှုန်းအောက်နှင့် အခြားလုပ်ငန်းကဏ္ဍ ၁၈ ရာခိုင်နှုန်းနီးပါးအထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အသီးသီး ဝင်ရောက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေစျေးကွက်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်းက အရောင်းအဝယ် စတင်ကျဆင်း ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေအငှားနှင့် အရောင်းအဝယ်စျေးကွက် ရာခိုင်နှုန်း ၄၀ ခန့်အထိ ကျဆင်းနေပြီး ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ် ဖြစ်နေကြောင်း မတ်လ ၂၃ ရက်က UMFCCI တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း သတ္တမ အကြိမ်မြောက် အသင်းသားစုံညီ သင်းလုံးကျွတ် အစည်းအဝေး အခမ်းအနားမှ သိရသည်။

 

Most Read

Most Recent