ရီးယဲလ်မက်ဒရစ်အသင်းက အဝေးကွင်းမှာ လီဗန်တေးကို ခက်ခက်ခဲခဲအနိုင်ကစားခဲ့ရပြီး ဟီရိုနာပွဲအရှုံးကနေ ပြန်လာနိုင်ခဲ့ပါတယ်။
ရီးယဲလ်အသင်းအတွက် ဂိုးတွေကို ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာက (၄၃)မိနစ်နဲ့ ဘေးလ်က (၇၈)မိနစ်တွေမှာ ပယ်နယ်တီတွေကနေ သွင်းယူခဲ့ပါတယ်။
ရီးယဲလ်အနေနဲ့ ပယ်နယ်တီဂိုး(၂)ဂိုးနဲ့ အနိုင်ယူခဲ့တာဟာ ပြိုင်ပွဲစုံမှာ ၂၀၁၃-၁၄ ရာသီကတည်းက ပထမဆုံးဖြစ်ခဲ့ပါတယ်။
တိုက်စစ်မှူး ဘန်ဇီမာက အခုရာသီ ပြိုင်ပွဲစုံ ဂိုး(၂၀)ပြည့်ခဲ့ပြီး ရီးယဲလ်အတွက်ကစားတဲ့ နောက်ဆုံး(၁၀)ရာသီမှာ (၇)ရာသီတိတိ ယင်းမှတ်တမ်း ပိုင်ဆိုင်ခဲ့ပါတယ်။
ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ပွဲစဉ်ရလဒ်များ
Carabao Cup (လိဂ်ဖလား) ဗိုလ်လုပွဲ
ချယ်လ်ဆီး ၀ - ၀ မန်စီးတီး (ပယ်နယ်တီ ၃-၄ ဂိုးဖြင့် မန်စီးတီးဗိုလ်စွဲ)
ပရီးမီးယားလိဂ်
အာဆင်နယ် ၂ - ၀ ဆောက်သမ်တန်
မန်ယူ ၀ - ၀ လီဗာပူးလ်
လာလီဂါ
လီဟာနက်စ် ၁ - ၁ ဗလင်စီယာ
အက်သလက်တီကို ၂ - ၀ ဗီလာရီးယဲလ်
ဗယ်လာဒိုလစ် ၀ - ၂ ဘက်တစ်
လီဗန်တေး ၁ - ၂ ရီးယဲလ်မက်ဒရစ်
စီးရီးအေ
ဆမ်ဒိုးရီးယား ၁ - ၀ ကာဂလီယာရီ
ချီယေဗို ၀ - ၀ ဂျီနိုအာ
ဘိုလော့ဂ်နာ ၀ - ၁ ဂျူဗင်တပ်စ်
ဆာဆူအိုလို ၁ - ၁ SPAL
ပါးမား ၀ - ၄ နာပိုလီ
ဖီအိုရင်တီးနား ၃ - ၃ အင်တာမီလန်
ဘွန်ဒစ်လီဂါ
ဟန်နိုဗာ ၀ - ၃ ဖရန့်ဖတ်
ဒေါ့မွန် ၃ - ၂ လေဗာကူဆင်
ပြင်သစ်လီဂူး
မောင့်ပယ်လီယာ ၂ - ၄ Reims
နန့်စ် ၁ - ၀ ဘော်ဒိုး
တူးလူး ၁ - ၁ ကိန်း
ရန်းစ် ၁ - ၁ မာဆေးလ်
မိုနာကို ၂ - ၀ လိုင်ယွန်