နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုလာခြင်းကြောင့် မြန်မာနိုင်ငံသည် ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ ထိပ်တန်းဒေသ တစ်ခုအဖြစ် ရပ်တည်နိုင်မည့် အလားအလာများ တွေ့မြင်လာရဟုဆို

နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုလာခြင်းကြောင့် မြန်မာနိုင်ငံသည် ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ ထိပ်တန်းဒေသ တစ်ခုအဖြစ် ရပ်တည်နိုင်မည့် အလားအလာများ တွေ့မြင်လာရဟုဆို
ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လာရောက် လုပ်ကိုင်နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ - ဇေယျာငြိမ်း)
ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လာရောက် လုပ်ကိုင်နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ - ဇေယျာငြိမ်း)
Published 30 January 2019
ရွှန်းလဲ့ဝင်း

နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များ ပိုမိုရရှိလာခြင်းကြောင့် မြန်မာနိုင်ငံသည်  ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ ထိပ်တန်းဒေသတစ်ခုအဖြစ် ရပ်တည်နိုင်မည့် လက္ခဏာများ တွေ့မြင်လာရကြောင်း Oxford Business Group မှ အာရှတိုက်ဆိုင်ရာ အယ်ဒီတာဖြစ်သူ Patrick Cooke က ပြောကြားခဲ့သည်။

Oxford Business Group သည် အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကတိုက်များမှ နိုင်ငံပေါင်း ၃ဝကျော်တွင် နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်း တစ်ခုဖြစ်ပြီး ၎င်း၏ သတင်းထုတ်ကုန်များမှ တစ်ဆင့် ဘဏ်လုပ်ငန်းများ၊ ငွေကြေးအရင်းအနှီး စျေးကွက်များ၊  ခရီးသွားကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍ အစရှိသည့် Macroeconomics နှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၏ တိကျပြည့်စုံသော လေ့လာဆန်းစစ်မှုများကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန် ပြုပြင်ပြောင်းလဲမှုများ ရည်ရွယ်လုပ်ဆောင်လျက်ရှိပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုများ မှတဆင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာစေရန်နှင့် macroeconomics ပိုင်းဆိုင်ရာ စိန်ခေါ်မှုများအား လျှော့ချရန် မြန်မာနိုင်ငံ၏ အားထုတ်ကြိုးပမ်းမှုများနှင့် ပတ်သက်ပြီး Oxford Business Group မှ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံ မှုကော်မရှင်၊ Win Consulting နှင့် Kelvin Chi Law Firm တို့နှင့်ပူးပေါင်းပြီး The Report Myanmar 2019 အစီရင်ခံစာအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံတဲ့ အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာတဲ့အ တွက်ကြောင့် မြန်မာနိုင်ငံဟာ ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ ထိပ်တန်းဒေသတစ်ခုအဖြစ် ရပ်တည်နိုင်မယ့် လက္ခဏာတွေ တွေ့မြင်လာရပါတယ်။ ဘဏ္ဍာရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိလာတဲ့အပြင် ပိုမိုများပြားလာတဲ့ ဟိုက်ဒရိုကာဗွန် စီမံကိန်းတွေကြောင့်လည်း ငွေကြေးအထောက်အပံ့သစ်တွေ၊ ရင်းနှီးမြုပ်နှံမှုအသစ်တွေ  ပိုမိုရရှိလာနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ မျှော်လင့်နိုင်လာပါတယ်” ဟု  Oxford Business Group မှအာရှတိုက်ဆိုင်ရာ အယ်ဒီတာဖြစ်သူ Patrick Cooke က ပြောကြားခဲ့ကြောင်း သိရသည်။

ယခုအချိန်သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အသင့်တော်ဆုံး အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အရေးပါသည့် အလှည့်အပြောင်းတစ်ခုမှာ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ တန်ဖိုးများကို ယုံကြည်လာအောင် စည်းလုံးညီညွတ်မှု ရှိသည်ကို ပြသရမည်ဖြစ်ကြောင်း၊ အရေးပါသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုစုစည်းပြီး ယင်းတို့တွင်ရှိသည့် ရင်နှီးမြှုပ်နှံနိုင်သည့် စီမံကိန်းများကို ချပြခြင်းက စည်းလုံးညီညွတ်မှု၏ ပြယုဂ်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က Invest Myanmar Summit 2019 တွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent