ရေကူးဝတ်စုံနှင့် တောင်ထိပ်၌ ဓာတ်ပုံရိုက်သဖြင့် ထင်ရှားသော ထိုင်ဝမ်အမျိုးသမီး လျှိုထဲပြုတ်ကျ သေဆုံး

ရေကူးဝတ်စုံနှင့် တောင်ထိပ်၌ ဓာတ်ပုံရိုက်သဖြင့် ထင်ရှားသော ထိုင်ဝမ်အမျိုးသမီး လျှိုထဲပြုတ်ကျ သေဆုံး
Photo: gigi's Facebook
Photo: gigi's Facebook
Published 22 January 2019
         Ref: AFP

တောင်ထိပ်ပေါ်တွင် ရေကူးဝတ်စုံ ဝတ်၍ Selfie ဓာတ်ပုံရိုက်သည့်အတွက် လူမှုမီဒီယာတွင် နာမည်ကြီးလာခဲ့သော အမျိုးသမီး တောင်တက်သမား၏ ရုပ်အလောင်းကို ပြန်လည်ရရှိရန် ဇန်နဝါရီ ၂၂ ရက်တွင် ထိုင်ဝမ် ကယ်ဆယ်ရေးအဖွဲ့များက ကြိုးစားနေကြသည်ဟု သိရသည်။ ထိုင်ဝမ်၏ ယူရှန်း အမျိုးသားဥယျာဉ်ထဲရှိ လျှိုထဲသို့ ကျသွားခဲ့ပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့သည်ဟု တောင်တက်သမား ဂျီဂျီဝူးက ဇန်နဝါရီ ၁၉ ရက်တွင် သူငယ်ချင်းများအားပြောရန် ဂြိုဟ်တုဖုန်းကို အသုံးပြုခဲ့သည်။ ပရိသတ်များက ၎င်းကို ရေကူးဝတ်စုံဝတ် တောင်တက်သမားဟု ကင်ပွန်းတပ်ထားသည်ဟု ဆိုသည်။ ရာသီဥတု ဆိုးရွားနေသောကြောင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်များသည် ၎င်းထံသို့ရောက်ရန် ခက်ခက်ခဲခဲသွားခဲ့ကြရပြီး ဇန်နဝါရီ ၂၁ ရက်တွင် ၎င်း၏ ရုပ်အလောင်းကို တာဝန်ရှိသူများက ရှာတွေ့ခဲ့သည်။ 

“ တောင်ပေါ်မှာ ရာသီဥတု အခြေအနေတွေဟာ မကောင်းပါဘူး။ အလောင်းကို ပိုကျယ်တဲ့နေရာကို ပို့ပေးဖို့ ကယ်ဆယ်ရေးသမားတွေကို ပြောထားပါတယ်။ ရာသီဥတုကောင်းသွားရင် အလောင်းကို ဆင်းသယ်ပေးဖို့ ရဟတ်ယာဉ်ကို ကျွန်တော်တို ့မေတ္တာရပ်ခံပါမယ်” ဟု နန်တူးခရိုင် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန၏ လင်ချင်ယိက ပြောကြားခဲ့သည်။ အမြင့် ၂၀၊ ၃ဝမီတာ (၆၅-၁ဝဝပေ) ခန့်မှ ပြုတ်ကျခဲ့ပြီးနောက် ခန္ဓာကိုယ် အောက်ပိုင်း မလှုပ်နိုင်သော်လည်း နေရာအတိအကျ ပြောနိုင်သည်ဟု ဂျီဂျီဝူးက သူငယ်ချင်းများကို ပြောခဲ့ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။              

တောင်ထိပ်များတွင် ရေကူးဝတ်စုံနှင့် ဓာတ်ပုံရိုက်သောကြောင့် လူမှုဒီယာတွင် အောင်မြင်သူ ဂျီဂျီဝူးသည် တောင်ထိပ်သို့ တက်ရန်အတွက် တောင်တက်ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိပြီး ထိပ်သို့ရောက်မှသာ ရေကူးဝတ်စုံပြောင်းဝတ်၍ ဓာတ်ပုံရိုက်သူဖြစ်သည်။ လေးနှစ်အတွင်း တောင်ထိပ် ၁၀၀ ကျော်ကို တက်ခဲ့ပြီးဖြစ်ကြောင်း ယမန်နှစ်က ရုပ်သံအင်တာဗျူးတွင် ဝူးက ဖြေဆိုခဲ့သည်။  

Most Read

Most Recent