တိုကျိုတွင် ခရီးသည်များအား ခေါက်ဆွဲအခမဲ့ကျွေး၍ ရထားလူပြည့်ကျပ်မှုကို ဖြေရှင်းရန်ကြိုးပမ်း

တိုကျိုတွင် ခရီးသည်များအား ခေါက်ဆွဲအခမဲ့ကျွေး၍ ရထားလူပြည့်ကျပ်မှုကို ဖြေရှင်းရန်ကြိုးပမ်း
၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် တိုကျိုဘူတာရုံ၌ ရထားစီးနေသူများကို တွေ့ရစဉ်
၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် တိုကျိုဘူတာရုံ၌ ရထားစီးနေသူများကို တွေ့ရစဉ်
Published 21 January 2019
Ref: AFP

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူအများအပြား လိုက်ပါစီးနင်းရာ မြေအောက်မီးရထားလမ်းတစ်ခုဖြစ်သော တိုဇိုင်ရထားလမ်းသည် ခရီးသည်များ၏ ချစ်ခင်မှုကို ရရှိစေရန်အတွက်လည်းကောင်း၊ ရုံးတက်ရုံးဆင်းချိန်များတွင် ခရီးသည်များ သက်သာချောင်ချိစွာ စီးနင်းနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ နံနက်ခင်းတွင် ရထားအစောဆုံးစီးသူတိုင်းကို ခေါက်ဆွဲအလကားကျွေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။

နေ့စဉ် လူ ၇.၂ သန်းဝန်းကျင်သည် တိုကျို၏ မြေအောက်ရထားစနစ်ဖြင့် သွားလာနေကြခြင်းကြောင့် ရုံးတက်ရုံးဆင်းချိန်များတွင် အချို့သောရထားလမ်းကြောင်းများ၌ လူပြည့်ကျပ်နေခဲ့သည်။ ထိုကဲ့သို့ လူပြည့်ကျပ်မှု အဆိုးရွားဆုံးဖြစ်နေသည့် ရထားလမ်းများတွင် တိုဇိုင်ရထားလမ်းကြောင်းလည်း ပါဝင်ပြီး ယင်းပြဿနာကိုဖြေရှင်းရန် ခရီးသည်များအား လူကျပ်သည့် မနက်ခင်းရုံးတက်ချိန်မတိုင်မီ ရထားစီးစေရန် ဆွဲဆောင်စည်းရုံး နေခြင်းဖြစ်သည်။

လာမည့်သီတင်းနှစ်ပတ်အတွင်း ရထားအစောဆုံးစီးသူ ၂၀၀၀ ထိပြည့်မီပါက Tokyo Metro ကုမ္ပဏီသည် အစောဆုံးခရီးသည် တစ်ဦးချင်းစီကို တမ်ပူရာခေါက်ဆွဲအခမဲ့ ကျွေးမည်ဖြစ်ပြီး နေ့စဉ်ရုံးတက်ချိန်ထက် ပိုစော၍ ရထားစီးသူ ၂၅၀၀ ထိပြည့်မီပါက ခရီးသည်များအား ဆိုဘာခေါက်ဆွဲကျွေးမွေး မည်ဖြစ်ကြောင်း၊ အကယ်၍ ခရီးသည် ၃၀၀၀ ထိရှိလာပါက ဆိုဘာခေါက်ဆွဲအပြင် တမ်ပူရာခေါက်ဆွဲပါ အခမဲ့ကျွေးမွေးမည့် အစီအစဉ်ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent