နယ်စပ်တံတိုင်းရန်ပုံငွေ ရရှိရန် ရွှေ့ပြောင်းအခြေချများကို ယာယီကာကွယ်ပေးမည်ဟု ထရန့်က ကမ်းလှမ်း

နယ်စပ်တံတိုင်းရန်ပုံငွေ ရရှိရန် ရွှေ့ပြောင်းအခြေချများကို ယာယီကာကွယ်ပေးမည်ဟု ထရန့်က ကမ်းလှမ်း
ဇန်နဝါရီ ၁၉ ရက်က နယ်စပ်တံတိုင်းအရေးနှင့် ပတ်သက်၍ အိမ်ဖြူတော်၌ ကြေညာချက်ထုတ်ပြန်နေသည့် အမေရိကန်သမ္မတ ထရန့် (Photo: AFP)
ဇန်နဝါရီ ၁၉ ရက်က နယ်စပ်တံတိုင်းအရေးနှင့် ပတ်သက်၍ အိမ်ဖြူတော်၌ ကြေညာချက်ထုတ်ပြန်နေသည့် အမေရိကန်သမ္မတ ထရန့် (Photo: AFP)
Published 20 January 2019
Ref: AFP

မက္ကဆီကိုနယ်စပ်၌ တံတိုင်းဆောက်လုပ်ရန် ရန်ပုံငွေကို လွှတ်တော်က ခွင့်ပြုပေးပါက ရွှေ့ပြောင်းအခြေချသူတစ်သန်းအား နှင်ထုတ်ခြင်းကို ယာယီရပ်ဆိုင်းပေးထားမည် ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇန်နဝါရီ ၁၉ ရက်တွင် ကမ်းလှမ်းခဲ့သည်။ သို့သော် ဒီမိုကရက်တို့က ထရန့်၏ အကြံဉာဏ်ကို ပယ်ချလိုက်သဖြင့် အမေရိကန်အစိုးရ အဖွဲ့လည်ပတ်မှု ရပ်ဆိုင်းခြင်းမှာ ဆက်လက် ဖိစီး နှိပ်စက်နေဦးဖွယ် ရှိသည်။

၂၉ ရက် ကြာမြင့်လာပြီဖြစ်သော အစိုးရအဖွဲ့တစ်စိတ်တစ်ပိုင်းလည်ပတ်မှု ရပ်ဆိုင်းခြင်းအား အဆုံးသတ်ရန် ထရန့်က ကြိုးပမ်းသည့် အနေဖြင့် ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်း  ဖြစ်သည်။ တစ်ဖက်တွင်လည်း အရေးကြီး သောအစိုးရဌာနများသည် လျှော့ချထားသော သို့မဟုတ် လုပ်ခလစာ မရရှိသေးသော ဝန်ထမ်းများအပေါ် မှီခိုနေကြရသည်။

ရွှေ့ပြောင်းအခြေချ နှစ်မျိုးနှစ်စားအား  နေရပ်သို့ ပြန်ပို့ခြင်းကို ဆိုင်းငံ့ပေးမည့် ယခု အပေးအယူမက်လုံးအကြောင်းကို ထရန့်သည် ရုပ်သံမှ ထုတ်လွှင့်သော အိမ်ဖြူတော် မိန့်ခွန်းအတွင်း ကြေညာခဲ့သည်။

Dreamers ဟု ခေါ်ကြသော အမေရိကန်နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက် အခြေချခဲ့သူတို့၏သားသမီးဖြစ်သူ ရဝဝယဝ၀၀ နှင့် အကာအကွယ်ရရှိသည့် သက်တမ်းကျော်လွန်သွားသော နောက်ထပ်ရွှေ့ပြောင်းအခြေချ ၃ဝဝယဝ၀၀ တို့သည် နေရပ်ပြန်ပို့ရေးကို ဆိုင်းငံ့ခံရမည့်သူများထဲတွင် ပါဝင်သည်ဟု ထရန့်က ပြောခဲ့သည်။ ယခုလိုက်လျောချက်များသည် စစ်မှန်သော ရွှေ့ပြောင်း အခြေချစနစ်ပြုပြင်ပြောင်းလဲမှုစတင်ရန် မရှိမဖြစ် လိုအပ်သည့်ယုံကြည်မှုနှင့် စိတ်ကောင်း စေတနာတို့ကို တည်ဆောက်ပေးလိမ့်မည် ဟုလည်း ထရန့်က ဆိုသည်။

ယင်းကဲ့သို့ ဆိုင်းငံ့ပေးခြင်းအတွက် အပြန်အလှန်အနေနှင့်  အမေရိကန်-မက္ကဆီကို နယ်စပ်၌ တံတိုင်းဆောက်လုပ်ရန် လိုအပ်သော ဒေါ်လာ ၅.၇ ဘီလျံ ကို ခွင့်ပြုပေးရန် ထရန့်က တောင်းဆိုခဲ့သည်။ ထို့ ပြင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုရေးရာ ထောက်ပံ့ကူညီရေးအတွက် ဒေါ်လာသန်း ၈၀၀ နှင့် အမေရိကန်နယ်စပ်ဝင်ပေါက်များ လုံခြုံရေးကိုပံ့ပိုးရန် မူးယစ်ဆေးထောက်လှမ်းရေး နည်းပညာအတွက် ဒေါ်လာ ၈၀၅ သန်းတို့အား ချပေးရန်လည်း သမ္မတက တောင်းဆိုခဲ့သေးသည်။

ထရန့်၏မိန့်ခွန်းမတိုင်မီ မိန့်ခွန်းအကြောင်းအရာများ မီဒီယာထံ ပေါက်ကြားခဲ့ချိန်ကတည်းက ဒီမိုကရက်များသည် ကမ်းလှမ်းချက်တို့ကို ပစ်ပစ်ခါခါ ငြင်းပယ်ထား နှင့်ပြီးဖြစ်သည်။ “သူ့ရဲ့ အဆိုပြုချက်ဟာ အရင်က ငြင်းပယ်ခံထားရတဲ့ ကိစ္စတွေကိုပြန် ပေါင်းထားတာပဲ ဖြစ်တယ်။ တစ်ခုမှ လက်ခံလို့မရသလို လူတွေရဲ့ဘဝကို ကယ်တင်ပေးဖို့ စစ်မှန်တဲ့သဘောနဲ့ ကြိုးပမ်းအားထုတ်မှုလို့လည်း ယူဆလို့မရပါဘူး  ဟု အောက် လွှတ်တော်မှ ဥက္ကဋ္ဌ နန်စီပီလိုစီက ပြောကြားခဲ့သည်။

Most Read

Most Recent