ရွှေ၊ ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းကို တစ်နေရာတည်း ဝန်ဆောင်မှု ပေးနိုင်သည့် OSSC စင်တာ ဖွင့်လှစ်ထားပြီး ဖြစ်သော်လည်း ကြိုတင်ခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ရသည့်အတွက် လက်ရှိတွင် ရွှေတင်ပို့နိုင်ခြင်း မရှိသေးဟုဆို

ရွှေ၊ ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းကို တစ်နေရာတည်း ဝန်ဆောင်မှု ပေးနိုင်သည့် OSSC စင်တာ ဖွင့်လှစ်ထားပြီး ဖြစ်သော်လည်း ကြိုတင်ခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ရသည့်အတွက် လက်ရှိတွင် ရွှေတင်ပို့နိုင်ခြင်း မရှိသေးဟုဆို
Published 11 January 2019

ရွှေ၊ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတ နာပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းကို တစ်နေရာတည်း ဝန်ဆောင်မှု ပေးနိုင်သည့် Myanmar Gold Development Public Co.,Ltd စင်တာဖွင့်လှစ်ပြီး ဖြစ်သော်လည်း ကြိုတင်ခွန်နှစ်ရာခိုင်နှုန်း ပေးဆောင်ရသည့်အတွက် လက်ရှိအချိန်တွင် ပြည်ပသို့ ရွှေတင်ပို့နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း (၁၆) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး အခမ်းအနားမှ သိရသည်။

“အခုကြိုတင်ခွန် နှစ်ရာခိုင်နှုန်းဆောင် ရတဲ့ဟာက အခက်အခဲဖြစ်နေတယ်။ ခြုံပြောရမယ်ဆိုရင်တော့ အနှေးနဲ့အမြန်ပဲ လုပ်ဆောင်နိုင်မှာပါ။ ဒီအခွန် နှစ်ရာခိုင်နှုန်းကို အရင်ညှိနှိုင်းနေတဲ့အနေအထားမှာရှိတာ ပေါ့နော်။ သိန်းတစ်သောင်းလောက်သွားတယ်။ ကြိုတင်ခွန်ဆို သိန်းနှစ်ရာလောက်ကို ကြိုတင်ခွန်ကောက်မှာ ဖြစ်ပါတယ်” ဟု Myanmar Gold Development Public Co.,Ltd ၏ ဒါရိုက်တာ ဦးရဲသူအောင်က ပြောကြားသည်။

ပြည်ပသို့ အဆင့်မြင့်နည်းပညာဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများနှင့် ကျောက်မျက်ရတနာများ တင်ပို့ရာတွင် အ မြတ်အစွန်း ပိုမိုရရှိသော်လည်း ရွှေကိုအတုံးအတိုင်း တင်ပို့မည်ဆိုပါက အမြတ်ရာခိုင်နှုန်း သည် ၀ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အမြတ် ငွေရရှိနိုင်သဖြင့် ကြိုတင်ခွန်နှစ်ရာခိုင်နှုန်းကို လျော့ချပေးရန် တင်ပြထားကြောင်း သိရ သည်။

“သုည ရာခိုင်နှုန်းဖြစ်စေချင်တာပါ။ တစ်ကြောင်းသွားမှ ၀ ဒသမ ၅ ရာခိုင်နှုန်း လောက်ပဲရတာပါ။ ရွှေအတုံးကို ပြောတာ နော်။ လက်ဝတ်ရတနာက တစ်ပိုင်းဖြစ်သွား ပြီ။ ကျောက်မျက်တို့ လက်ဝတ်ရတနာက ဒီထက်ပိုမြတ်နိုင်တယ်။ နိုင်ငံတကာမှာဆိုရင် တောင်မှ သုည ဒသမ သုည တစ်ခုခုနှုန်းကိုပဲ ကောက်တာ” ဟု ဦးရဲသူအောင်က ပြော ကြားသည်။

လက်ရှိရွှေတင်ပို့ရတွင် ကောက်ခံထား ည့် ကြိုတင်ခွန်နှစ်ရာခိုင်နှုန်းကို လျှော့ချ ပေးရန် တောင်းဆိုထားမှုများကို လျှော့ချ ပေးနိုင်အောင်ဆောင်ရွက်နေပြီး အားလုံး မျှ တသည့် အခွန်နှုန်းထားတစ်ခုဖြစ်အောင် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သ ယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ သိရသည်။

“သူတို့ဖြစ်နေတာက အခွန်ကိစ္စပေါ့။ OSSC ဖွင့်ထားပေမဲ့ အခုချိန်ထိ ဖွင့်ထား တာ သုံးလေးလ ကျော်သွားပြီဆိုပေမဲ့ ခုချိန်ထိ တစ်ယောက်မှတင်ပို့နိုင်ခြင်း မရှိသေးဘူး။ အဓိကက သူတို့ရဲ့ သတ်မှတ်ထားတဲ့ အခွန်နှုန်း ထားတွေမှာ မကိုက်တဲ့ အနေအထားတွေရှိတယ်။ ဒါကြောင့် ဒီအခွန်နှုန်းထားတွေကို ပြန်ပြီး ညှိဖို့ဆောင်ရွက်နေပါတယ်။ ဒါကို လည်း တနည်းနည်းနဲ့ ပြန်ပြီး လျှော့ချဖို့။  ဘာလို့ လဲဆိုရင် နိုင်ငံတော်ကလည်း အခွန်နဲ့ပဲ ရပ် တည်နေရတာဆိုတော့  အခွန်လည်းပေး ဆောင်ရအောင် ပြည်သူပြည်သားလည်း အကျိုးရှိအောင် မျှအောင်လုပ်ပြီးဆောင်ရွက်  သွားဖို့ရှိပါတယ်}} ဟု သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦီးက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

၂၀၁၈ စက်တင်ဘာ ၂၄ ရက်က စတင် ဖွင့်လှစ်ခဲ့သော မြန်မာနိုင်ငံ ရွှေ၊ ရွှေနှင့်ပြု လုပ်သော လက်ဝတ်ရတနာများ၊ အသုံးအ ဆောင်များ တင်ပို့^တင်သွင်းခြင်းဆိုင်ရာ တစ်နေရာတည်း ဝန်ဆောင်မှုလုပ်ငန်းစင်တာ One Stop Service Center မှာ ပြည်ပသို့ တင်ပို့/တင်သွင်းမည့်  ရွှေများ နှင့် လက်ဝတ်ရတနာများကို တစ်နေရာတည်း တွင် ဝန်ဆောင်မှု ပေးနိုင်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့်ရွှေများကို တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ပြည်ပသို့ ထွက်ရှိနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ရွှေများကို တခြားနိုင်ငံတံဆိပ်ရိုက် နှိပ်၍ ရောင်းချခြင်းများပင် ရှိနေကြောင်း သိ ရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ရွှေများကို ရှန်ဟိုင်း၊ ဒူဘိုင်းနှင့်ထိုင်းနိုင်ငံစျေးကွက်အထိ တင်ပို့နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နိုင်ငံတကာစျေးကွက်နှင့် ချိတ်ဆက်ကာ ရွှေနှင့် လက်ဝတ်ရတာများ တင်ပို့ခြင်း၊ တင်သွင်းခြင်းများ  ဆောင်ရွက်ရာတွင် ကမ္ဘာ့ရွှေစျေးနှုန်း အတက်အကျအပေါ် မူတည်ပြီး အရောင်းအဝယ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။                     

ဇေယျာငြိမ်း

Most Read

Most Recent