ကစားသမားနောက်ဆုံးအိပ်မက်မှာ ပရီးမီးယားလိဂ်ဖလားရရှိရေးဖြစ်သည်ဟု ဂျရူး ပြောကြား

ကစားသမားနောက်ဆုံးအိပ်မက်မှာ ပရီးမီးယားလိဂ်ဖလားရရှိရေးဖြစ်သည်ဟု ဂျရူး ပြောကြား
Photo: EPA
Photo: EPA
Published 15 December 2018

ချယ်လ်ဆီးအသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂျရူးက ၎င်း၏ ကစားသမားဘဝနောက်ဆုံးအိပ်မက်မှာ ပရီးမီးယားလိဂ်ဖလားရရှိရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၃၂)နှစ်အရွယ်ရှိ ဂျရူးသည် ၂၀၁၂ ခုနှစ်က ပြင်သစ်ကလပ် မောင့်ပယ်လီယာအသင်းမှ အာဆင်နယ်သို့အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အာဆင်နယ်အသင်းနှင့် အတူ ပရီးမီးယားလိဂ်တွင် (၅)ရာသီခွဲကစားခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း  ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ယခုရာသီမှာ ဂျရူးအတွက် ချယ်လ်ဆီးအတွက် ဒုတိယမြောက်ရာသီဖြစ်ကာ ကစားသမားဘဝ ပရီးမီးယားလိဂ် (၈)ရာသီမြောက် ဖြစ်သည်။

ဂျရူးသည် အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့နှင့် FA ဖလားကို (၄)ကြိမ်အထိ ရရှိဖူးသော်လည်း ပရီးမီးယားလိဂ်ဖလားကိုမူ ရရှိခဲ့ခြင်း မရှိပေ။

ဂျရူးက "ကျွန်တော်ကတော့ အသင်းငယ်တွေမှာ အပတ်စဉ်တိုင်းကစားရတာထက် အသင်းကြီးတွေမှာ ကစားတာကို ပိုနှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တာ့်မှာ ရည်မှန်းချက်တွေ ရှိပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့က ကျွန်တော့်ရဲ့ ကစားသမားဘဝနောက်ဆုံးအိပ်မက်ပါပဲ။ ချန်ပီယံလိဂ်ဖလားထက်တောင် ပရီးမီးယားလိဂ်ဖလားကို ပိုလိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲက ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိလို့ပါပဲ"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂျရူးက ပရီးမီးယားလိဂ်ဖလားကို ရရှိထားသည့် ချယ်လ်ဆီးအသင်းဖော်များကို မနာလိုဖြစ်မိသည်ဟု ဝန်ခံပြောကြားခဲ့သည်။

ဂျရူးသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်း၌ ပုံမှန်ပွဲထွက်ပျောက်ဆုံးနေသော်လည်း ပြိုင်ပွဲစုံ (၁၈)ပွဲတွင် (၅)ဂိုးသွင်းယူထားသည်။

Most Read

Most Recent