ဂါစီယာပလာဇာအား နည်းပြသစ်အဖြစ် ဗီလာရီးယဲလ်အသင်း ခန့်အပ်

ဂါစီယာပလာဇာအား နည်းပြသစ်အဖြစ် ဗီလာရီးယဲလ်အသင်း ခန့်အပ်
Photo: Marca
Photo: Marca
Published 11 December 2018

 

ဗီလာရီးယဲလ်အသင်းသည် တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းရန်ဟီးအသင်း၏ နည်းပြဟောင်း ဂါစီယာပလာဇာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဗီလာရီးယဲလ်အသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ရလဒ်များဆိုးရွားမှုကြောင့် နည်းပြ ဟာဗီယာကာလီဟာကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဂါစီယာပလာဇာကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဗီလာရီးယဲလ်အသင်းသည် လာလီဂါပွဲစဉ် (၁၅)အပြီးတွင် ရမှတ် (၁၄)ဖြင့် အဆင့် (၁၇)နေရာ၌ ရပ်တည်နေပြီး တန်းဆင်းအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် ဂါစီယာပလာဇာကို နည်းပြသစ်အဖြစ် ရာသီကုန်အထိ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၄၈)နှစ်အရွယ်ရှိ ဂါစီယာပလာဇာသည် အယ်လ်ချီ၊ လီဗန်တေး၊ ဂီတာဖေး စသည့် လာလီဂါအသင်းများကို ကိုင်တွယ်ဖူးသလို၊ ဗီလာရီးယဲလ် (B)အသင်းကိုလည်း ၂၀၀၅-၀၆ ရာသီက တစ်ရာသီ ကိုင်တွယ်ဖူးသူဖြစ်သည်။

ဂါစီယာပလာဇာက "ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ။ အသင်းရဲ့ လူစာရင်းက တောင့်တင်းပြီးသားပါ။ အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ပါ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent