ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ အမှုဆောင်ချုပ်အဖြစ် ဆူဆန်နာဒင်းနစ် ခန့်အပ်ခံရ

ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ အမှုဆောင်ချုပ်အဖြစ် ဆူဆန်နာဒင်းနစ် ခန့်အပ်ခံရ
Photo: PA
Photo: PA
Published 14 November 2018

 

Animal Planet channel ၏ ဥက္ကဖြစ်သူ ဆူဆန်နာဒင်းနစ်သည် ပရီးမီယားလိဂ်အဖွဲ့ချုပ်၏ အမှုဆောင်ချုပ်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။

အသက် (၅၉)နှစ်အရွယ်ရှိ လက်ရှိ ပရီးမီယားလိဂ်အဖွဲ့ချုပ် အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုးသည် ဒီဇင်ဘာလတွင် (၁၉) တာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှ နုတ်ထွက်မည်ဖြစ်ပြီး ဆူဆန်နာဒင်းနစ်က ၎င်း၏ ရာထူးကို ဆက်ခံသွားမည်ဖြစ်သည်။

ဆူဆန်နာဒင်းနစ်သည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ အမှုဆောင်ချုပ်အဖြစ် လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။

ဒင်းနစ်က "ဒီလိုအရမ်းကောင်းမွန်တဲ့ ရာထူးအတွက် တာဝန်ပေးအပ်ခံရလို့ ကျွန်မ စိတ်လှုပ်ရှားမိပါတယ်။ ပရီးမီးယားလိဂ်က လူပေါင်းများစွာအတွက် အရမ်းကို အဓိပ္ပာယ်ရှိတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်းမျိုးကို ကိုယ်စားပြုခွင့်ရတာက တကယ်ကောင်းမွန်တဲ့အခွင့်အရေးပါပဲ။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ထောက်ခံမှုနဲ့အတူ ကျွန်မအနေနဲ့ ဒီပြိုင်ပွဲကို လာမယ့်နှစ်ပေါင်းများစွာ အောင်မြင်တိုးတက်အောင် စွမ်းဆောင်ပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဒင်းနစ်သည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ အမှုဆောင်ချုပ်အဖြစ် ထမ်းဆောင်မည့် ပထမဆုံးအမျိုးသမီး ဖြစ်လာခဲ့ပြီး ရစ်ပယ်ရီ၊ စကူဒါမိုးတို့ပြီးနောက် ယင်းအဖွဲ့ချုပ်၏ တတိယမြောက် အမှုဆောင်ချုပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ် အမှုဆောင်ချုပ် တင်မြောက်ရေးအဖွဲ့တွင် ပါဝင်သည့် ချယ်လ်ဆီးအသင်း ဥက္ကဋ္ဌဖြစ်သူ ဘရုဘက်ခ်က ဆူဆန်နာဒင်းနစ်တွင် အဆိုပါရာထူးကို ထမ်းဆောင်ရန် စွမ်းရည်အပြည့်အဝရှိကြောင်းနှင့် စကူဒါမိုးကဲ့သို့ စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ဒီဇင်ဘာလတွင် ရာထူးမှနုတ်ထွက်မည့် လက်ရှိအမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုးအား ဆုကြေးပေးရန် ပရီးမီးယားလိဂ်အသင်း (၂၀)ထံမှ တစ်သင်းလျှင် ပေါင် (၂၅၀၀၀၀) တောင်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent