ဖိလစ်ပိုင်အသင်း၏ အုပ်စုသုံးပွဲအတွက် ကာဒစ်ဖ်ဂိုးသမား အီသာရစ်ချ် ၁၈၃၇၈ မိုင် ခရီးနှင်ရမည်

ဖိလစ်ပိုင်အသင်း၏ အုပ်စုသုံးပွဲအတွက် ကာဒစ်ဖ်ဂိုးသမား အီသာရစ်ချ် ၁၈၃၇၈ မိုင် ခရီးနှင်ရမည်
Published 13 November 2018

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ကာဒစ်ဖ်အသင်း၏ ဖိလစ်ပိုင်လက်ရွေးစင်ဂိုးသမား အီသာရစ်ချ်သည် လက်ရှိကျင်းပနေသည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမှ ဖိလစ်ပိုင်အသင်း၏ အုပ်စုပွဲသုံးပွဲ ယှဉ်ပြိုင်ကစား ရန် စုစုပေါင်း ၁၈ç၃၇၈ မိုင် ခရီးနှင်ရမည်ဖြစ် ကြောင်း သိရသည်။

ဖိလစ်ပိုင်အသင်းသည် နိုဝင်ဘာ ၁၃ ရက် (ယနေ့) ညနေတွင် အိမ်ကွင်းအဖြစ် ဘာကိုလော့မြို့၌ စင်ကာပူအသင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် အဝေးကွင်းအဖြစ် ကြားကွင်းဖြစ်သည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၌ တီမောအသင်း၊ နိုဝင်ဘာ ၂၁ ရက်တွင် အိမ်ကွင်းအဖြစ် ဘာကိုလော့မြို့၌ ထိုင်း အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထို့ကြောင့် အီသာရစ်ချ်သည် ယနေ့ ညနေ ကစားရမည့် စင်ကာပူအသင်းနှင့်ပွဲအတွက် ကာဒစ်ဖ်-မနီလာ-ဘာကိုလော့ခရီးအတွက် ၇၂၁၅ မိုင်၊ တီမောအသင်းနှင့်ပွဲအတွက် ဘာ ကိုလော့-မနီလာ-ကွာလာလမ်ပူခရီးအတွက် ၁၉၇၄ မိုင်၊ ထိုင်းအသင်းနှင့်ပွဲအတွက် ကွာလာလမ်ပူ-မနီလာ-ဘာကိုလော့ခရီးအတွက် ၁၉၇၄ မိုင်၊ အင်္ဂလန်အပြန်ခရီးဖြစ်သည့် ဘာကိုလော့-မနီလာ-ကာဒစ်ဖ်ခရီးအတွက် ၇၂၁၅ မိုင်၊ စုစုပေါင်း ၁၈ç၃၇၈ မိုင် ခရီးနှင်ရမည်ဖြစ်ကြောင်း သိရသည်။

အီသာရစ်ချ် သည် နိုဝင်ဘာ ၂၄ ရက်တွင် အဲဗာတန် အသင်းနှင့်ကစားရမည့် ကာဒစ်ဖ်အသင်း၏ အဝေးကွင်းပွဲစဉ်အတွက် အင်္ဂလန်နိုင်ငံသို့ အမီပြန်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အီသာရစ်ချ်သည် နိုဝင်ဘာ ၂၅ ရက် တွင် ကစားရမည့် ဖိလစ်ပိုင်အသင်း၏ အုပ်စု နောက်ဆုံးပွဲဖြစ်သည့် အင်ဒိုနီးရှားနှင့်ပွဲကို လွဲချော်ဖွယ်ရှိနေသည်။

Most Read

Most Recent