ချန်ပီယံလုပွဲမှာ ခက်ခဲကြမ်းတမ်းနေဆဲဟု ဂွါဒီယိုလာ သုံးသပ်

ချန်ပီယံလုပွဲမှာ ခက်ခဲကြမ်းတမ်းနေဆဲဟု ဂွါဒီယိုလာ သုံးသပ်
Published 12 November 2018

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ ခက်ခဲကြမ်းတမ်းနေဆဲဖြစ်ကြောင်း ဒါဘီပြိုင်ဘက် မန်ယူအသင်းအား အနိုင်ရသည့်ပွဲအပြီးတွင် သုံးသပ်ခဲ့သည်။

မန်စီးတီးအသင်းသည် လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ ရမှတ်(၃၂)မှတ်ဖြင့် ဦးဆောင်နေပြီး လီဗာပူးလ်အသင်းကို (၂)မှတ်အသာ၊ ချယ်လ်ဆီးအသင်းကို (၄)မှတ်အသာဖြင့် ဦးဆောင်ထားလျက်ရှိသည်။

'' (၂)မှတ်အကွာ၊ (၃)မှတ်အကွာအနေအထားက ဘာမှမဟုတ်ပါဘူး။ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတွေက ချန်ပီယံဆုအတွက် နံပါတ်စဉ်အတိုင်းရှိနေပါတယ်။ မန်စီးတီးတစ်သင်းတည်းမှ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့က (၂)မှတ်သာဖြတ်ပြီး ဦးဆောင်ထားနိုင်တယ်။ ဒါက ဘာမှမဟုတ်သေးဘူး။ ပြီးတော့ ဒါက အမှန်တရားပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အန်ဖီးလ်မှာ အမှတ်မရခဲ့ပါဘူ။ အခု သရေကစားနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက အိမ်ကွင်းမှာ အီတီဟတ်ကို အနိုင်ကစားခဲ့တယ်။ အခု ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ဒါဟာ ကောင်းပါတယ်'' ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

မန်ယူအသင်းနှင့်ကစားခဲ့သည့်ဒါဘီပွဲတွင် မန်စီးတီးကစားသမားများမှာ ပထမပိုင်း၌ အကြောက်တရားနှင့် ကစားခဲ့ကြောင်းလည်း ဂွါဒီယိုလာက သုံးသပ်ခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက အသင်းကစားသမား စတာလင်၏အချိန်ဆွဲသည့်အပြုအမူများကိုလည်း သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့သည်။

 

 

 

Most Read

Most Recent