■ နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ မြန်မာ-ပါကစ္စတန် ဆွေးနွေး

■ နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ မြန်မာ-ပါကစ္စတန် ဆွေးနွေး
Published 8 May 2026

နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ မြန်မာ-ပါကစ္စတန် ဆွေးနွေးခဲ့‌ကြောင်း သိရသည်။

မေ ၇ ရက်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ IT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent