အမေရိကန်ဗီဇာလျှောက်ထားသူများ လူမှုကွန်ရက် အကောင့်များ Public ဖွင့်ထားရန် ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးက ထုတ်ပြန်သည်။
ယင်းသို့ လုပ်ဆောင်ရခြင်းမှား အမေရိကန်ဗီဇာ လျှောက်ထားသူများ၏ နောက်ခံအကြောင်းအရာများနှင့် အချက်အလက်များကို ပိုမိုတိကျစွာ စစ်ဆေးနိုင်ရန်ဖြစ်သည်ဟု သံရုံးက ဆိုသည်။
အမေရိကန် ဗီဇာအမျိုးအစားများဖြစ်သည့် A-3၊ C-3၊ G-5၊ H1-B၊ H-3၊ H-1B နှင့် H-3၊ F၊ M၊ J၊ K-1၊ K-2၊ K-3၊ Q၊ R-1၊ R-2၊ S၊ T သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် ဗီဇာကို လျှောက်ထားရာတွင် လူမှုကွန်ရက်အကောင့်များကို ယင်းသို့ ပြောင်းလဲရမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက လုပ်ငန်းစဉ် နှောင့်နှေးမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။















