■ တောင်ကြီးမြို့တွင် ဆိုင်ကယ်များ ဆီဝယ်ရ ခက်ခဲလာပြီး အချိန်ကြာမြင့်စွာ တန်းစီကြရ

■ တောင်ကြီးမြို့တွင် ဆိုင်ကယ်များ ဆီဝယ်ရ ခက်ခဲလာပြီး အချိန်ကြာမြင့်စွာ တန်းစီကြရ
Published 24 March 2026

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ဆိုင်ကယ်များ ဆီဝယ်ရ ခက်ခဲလာပြီး အချိန်ကြာမြင့်စွာ တန်းစီကြရကြောင်း သိရသည်။

မတ် ၂၄ ရက်တွင် မော်တော်ဆိုင်ကယ်များ ဆီဝယ်ယူခွင့်ရရှိရန် ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရပြီး ဆိုင်ကယ်အရေအတွက် ရာချီသည်အထိ ဆိုင်ကယ်တန်း ရှည်လျားကြောင်း သိရသည်။

တောင်ကြီး ကံသာ အတက်လမ်း ၊ မြသုခသွားလမ်းနှင့် အလယ် BOC တို့တွင် မော်တော်ဆိုင်ကယ် ဆီဝယ်ယူခွင့်ရရန် နံနက်အစောပိုင်းမှ စ၍ ကြိုတင်စောင့်ဆိုင်းနေကြရခြင်းဖြစ်ကာ ဆိုင်ကယ်တန်းမှာ ရှည်လျားသည့်အတွက် ၂ နာရီကျော် စောင့်ဆိုင်းရကြောင်း သိရသည်။

မတ် ၂၃ ရက်တွင် ဆီဝယ်ယူခွင့်ရရန် တန်းစီစောင့်ဆိုင်းသူ ပိုမိုများပြားလာနေခြင်းဖြစ်ကာ စုံ/မ စနစ် ထုတ်ပြန်စဉ်က ဆိုင်ကယ်နှင့် ကားများ တန်းစီမှု အနည်းငယ်လျော့ကျခဲ့သေးကြောင်း၊ ယခုတစ်ဖန် ပြန်များလာနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးအထွက် မြို့ပြင်ရှိ ဆီဆိုင်များတွင်လည်း တန်းစီနေသော ကားနှင့် ဆိုင်ကယ်များ များပြားကာ ပြင်ပပေါက်ဈေး ဆီတစ်ဘူးလျှင် ၇၀၀၀ ကျပ် အထိ ပေါက်ဈေး ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent