၂၀၂၆-၂၇ ရာသီ UEFA Nations League ပြိုင်ပွဲမှာ အင်္ဂလန်အသင်း စပိန်၊ ခရိုအေးရှား၊ ချက်တို့နဲ့ ဆုံတွေ့

၂၀၂၆-၂၇ ရာသီ UEFA Nations League ပြိုင်ပွဲမှာ အင်္ဂလန်အသင်း စပိန်၊ ခရိုအေးရှား၊ ချက်တို့နဲ့ ဆုံတွေ့
Photo: UEFA
Photo: UEFA
Published 13 February 2026

၂၀၂၆-၂၇ ရာသီ  UEFA Nations League ပြိုင်ပွဲအတွက် မဲခွဲပွဲကို ကြာသပတေးနေ့က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ရာ အင်္ဂလန်အသင်းဟာ League A ရဲ့ အုပ်စု A3 မှာ စပိန်၊ ခရိုအေး ရှား၊ ချက်တို့နဲ့အတူ ကျရောက်ခဲ့ကြောင်း သိရပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက League B မှာ ယှဉ်ပြိုင်ကစားခဲ့ရပြီး ၂၀၂၆-၂၇ ရာသီမှာမှ ပြန်ပြီးတန်းတက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ပါတယ်။

၂၀၂၆-၂၇ ရာသီ  UEFA Nations League ပြိုင်ပွဲရဲ့ League A မှာ အရင်အတိုင်း အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး လေးသင်းတစ်အုပ်စုစီ ခွဲခြားခဲ့ရာ အုပ်စု A1 မှာ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ တူရကီ၊ အုပ်စု A2 မှာ ဂျာမနီ၊ နယ်သာလန်၊ ဆားဘီးယား၊ ဂရိ၊ အုပ်စု A3 မှာ စပိန်၊ ခရိုအေးရှား၊ အင်္ဂလန်၊ ချက်၊ အုပ်စု A4 မှာ ပေါ်တူဂီ၊ ဒိန်းမတ်၊ နော်ဝေ၊ ဝေးလ်စ်တို့ ကျရောက်ခဲ့ပါတယ်။

 UEFA Nations League ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက ပေါ်တူဂီအသင်းဖြစ်ပြီး ချန်ပီယံဆု နှစ်ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးအသင်းလည်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ၂၀၁၈-၁၉ ရာသီမှာ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းလေးကြိမ် ကျင်းပပြီးရာမှာ ချန်ပီယံဆုကို ပေါ်တူဂီက နှစ်ကြိမ်၊ ပြင်သစ်နှင့် စပိန်တို့က တစ်ကြိမ်စီ ရရှိထားပါတယ်။

၂၀၂၆-၂၇ ရာသီ  UEFA Nations League ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်ဇယားကို ရေးဆွဲထုတ်ပြန်ခြင်းမရှိသေးပေမဲ့ အုပ်စုအဖွင့်ပွဲစဉ်တွေကို စက်တင်ဘာ ၂၄ မှ ၂၆ ရက်အတွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲကို နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent