၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးပြင်ဆင်မှုအဖြစ် နယူးဇီလန်၊ ကော်စတာရီကာတို့နဲ့ အင်္ဂလန်အသင်း ခြေစမ်းမယ်

၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးပြင်ဆင်မှုအဖြစ် နယူးဇီလန်၊ ကော်စတာရီကာတို့နဲ့ အင်္ဂလန်အသင်း ခြေစမ်းမယ်
Photo: X
Photo: X
Published 13 February 2026

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုအဖြစ် ဇွန်လအတွင်း နယူးဇီလန်၊ ကော်စတာရီကာအသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါခြေစမ်းပွဲနှစ်ပွဲကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်း အခြေစိုက်နေထိုင်မယ့် အမေရိကန်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ဇွန် ၇ ရက်မှာ နယူးဇီလန်အသင်း၊ ဇွန် ၁၀ ရက်မှာ ကော်စတာရီကာအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာပါ။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် မေဂျာလိဂ်ကလပ် စပို့တင်းကန်းဆက်စီးတီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ Swope Soccer Village ကို အသုံးပြုမှာဖြစ်ပါတယ်။

နယူးဇီလန်အသင်းနဲ့ပွဲကို အဲဒီလေ့ကျင့်ရေးကွင်းမှာပဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ကော်စတာရီကာအသင်းနဲ့ပွဲ ကျင်းပမယ့်ကွင်းကိုတော့ အတည်မပြုသေးကြောင်း သိရပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့်မတ်လမှာလည်း အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းမှာ ဥရုဂွေးအသင်း (မတ် ၂၇ ရက်)၊ ဂျပန်အသင်း (မတ် ၃၁ ရက်) တို့နဲ့ ခြေစမ်းကစားမှာပါ။

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် ဥရောပဇုန်ခြေစစ်ပွဲမှာ ရှစ်ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရကာ ဥရောပဇုန်က ပထမဆုံးခြေစစ်ပွဲအောင်မြင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (L) မှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားအသင်းတို့နဲ့အတူ ကျရောက်နေပါတယ်။

Most Read

Most Recent