ဘိုင်ယန်မြူးနစ် - စိန့်ဂယ်လွိုင်ဆီ (ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကိုသာ ရှုံးခဲ့ပြီး ဒီရာသီချန်ပီယံလိဂ်မှာ ကျန်တဲ့ပွဲတိုင်းအနိုင်ရထားတဲ့အသင်းပါ။ ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့လည်း အတော်လေးနီးစပ်နေပါပြီ။ စိန့်ဂယ်လွိုင်ဆီကတော့ အမှတ်ပေးဇယားအောက်နား ရောက်နေတဲ့အသင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ အင်အားချင်းကွာခြားပါတယ်။ ဘိုင်ယန်မြူးနစ် ဂိုးပြတ်အနိုင်ယူမယ့်ပွဲပါ။
ချယ်လ်ဆီး - ပါဖိုးစ် (ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ချယ်လ်ဆီးနည်းပြသစ် လီယမ်ရိုစီနီယာအတွက် ချန်ပီယံလိဂ်ပွဲဦးထွက်ဖြစ်တာကြောင့် အာရုံစိုက်ယှဉ်ပြိုင်မှာ သေချာပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အနေအထားကလည်း လက်ကျန်နှစ်ပွဲစလုံး အနိုင်ရဖို့ လိုနေပါတယ်။ ဆိုက်ပရပ်စ်လိဂ်မှာတောင် အဝေးကွင်းမှာ ရှုံးပွဲဆက်နေတဲ့ ပါဖိုးစ်အသင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနည်းဆုံး(၂)ဂိုးပေးရမှာပါ။
ဂျူဗင်တပ်စ် - ဘင်ဖီကာ (ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ဂျူဗင်တပ်စ်က (၆)ပွဲကစားအပြီးမှာ (၉)မှတ်သာ ရရှိထားသလို၊ ဘင်ဖီကာကလည်း (၆)မှတ်သာရရှိထားပါသေးတယ်။ ဂျူဗင်တပ်စ်က ပြီးခဲ့တဲ့ စီးရီးအေပွဲမှာ ကာဂလီယာရီကို ရှုံးနိမ့်ခဲ့ပေမဲ့ အခုနောက်ပိုင်း ရလဒ်တွေ ကောင်းမွန်နေတဲ့အသင်းပါ။ ဒါပေမဲ့ ဥရောပပွဲတွေမှာ ဘင်ဖီကာနဲ့ ဆုံတွေ့တိုင်း ရလဒ်မကောင်းတာ များပါတယ်။ သရေကျနိုင်ပါတယ်။
မာဆေးလ် - လီဗာပူးလ် (ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၂း၃၀ နာရီ)
အီဂျစ်တိုက်စစ်ကစားသမား ဆာလာ ပြန်ပါလာဖို့ အလားအလာများနေတဲ့ လီဗာပူးလ်အသင်း ဘယ်လောက်အားကောင်းလာမလဲ စောင့်ကြည့်ရမှာပါ။ သွင်းဂိုး၊ ပေးဂိုး တူညီနေတဲ့အသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုဖြစ်တာကြောင့်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အိမ်ကွင်းမှာ မာဆေးလ်အသင်း ခြေစွမ်းပြတတ်တာကြောင့် လီဗာပူးလ်အသင်း သရေပွဲတစ်ပွဲ ထပ်တိုးသွားနိုင်ပါတယ်။
ဆလားဗီးယားပရပ်ဂ် - ဘာစီလိုနာ (ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၂း၃၀ နာရီ)
အဆင့်(၃၄)နေရာရောက်နေတဲ့ ဆလားဗီးယားပရပ်ဂ်အတွက် ဒီရာသီ ချန်ပီယံလိဂ်ခရီးက အဆုံးသတ်နေပြီလို့ ဆိုရတော့မှာပါ။ ဘာစီလိုနာကတော့ (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ မျှော်လင့်ချက်အပြည့်ရှိနေပါတယ်။ လက်ကျန်နှစ်ပွဲစလုံး အနိုင်ရဖို့လည်း အလားအလာများနေပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဘာစီလိုနာနဲ့ ဂိုးအများကိုပဲ ကြိုက်ပါတယ်။
အခြားပွဲများ
ဂါလာတာစာရေး - အက်သလက်တီကို *
* ကာရာဘတ် - ဖရန့်ဖတ်
* အတ္တလန်တာ - ဘီလ်ဘာအို
* နယူးကာဆယ် - PSV















