လိဒ်စ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ဟာ ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ကယ်လ်ဗတ်လူဝင်ဟာ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်(၅)ပွဲ ယှဉ်ပြိုင်ကစားရာမှာ (၆)ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် အခုလို ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
ကယ်လ်ဗတ်လူဝင် (၂၈ နှစ်)ဟာ ၂၀၂၀-၂၁ ရာသီမှာ ပရီးမီးယားလိဂ်လအလိုက်အကောင်းဆုံးကစားသမားဆု နောက်ဆုံးရရှိခဲ့တာကြောင့် (၆)နှစ်ကြာမှ ဒီဆုကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
လိဒ်စ်ကစားသမားအနေနဲ့ ဆိုရင်လည်း ၂၀၀၁ အောက်တိုဘာလတုန်းက ရီယိုဖာဒီနန် ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ကယ်လ်ဗတ်လူဝင်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အဲဗာတန်နဲ့ လမ်းခွဲပြီး လိဒ်စ်အသင်းကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့တာပါ။















