◘ ဘိုင်ယန်မြူးနစ် - စပို့တင်းလစ္စဘွန်း (ဒီဇင်ဘာ ၁၀ ရက် နံနက် ဝဝး၁၅ နာရီ)
ပြီးခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ဘိုင်ယန်မြူးနစ်အသင်း ရှုံးနိမ့်ထားတယ်။ ဂိုးသမား နော်ယာရဲ့ ရှေ့တက်လွန်းတဲ့ အမှားကြောင့်လည်း ဂိုးပြတ်သွားခဲ့ရတာပါ။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်ရဲ့ခြေစွမ်းက အကောင်းဆုံးပုံစံရှိနေတုန်းပါပဲ။ စပို့တင်းလစ္စဘွန်းကလည်း ငါးပွဲကစား၊ ၁၀ မှတ်နဲ့ ထိပ်ဆုံးရှစ်သင်းစာရင်းမှာ ရပ်တည်နေတဲ့အသင်းပါ။ ဘိုင်ယန်မြူးနစ်အသင်း နိုင်ပွဲပြန်ရမှာဖြစ်ပြီး ဂိုးလည်းပြတ်နိုင်တယ်။
◘ အတ္တလန်တာ - ချယ်လ်ဆီး (ဒီဇင်ဘာ ၁၀ ရက် နံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံးက ခြေမငြိမ်ဘူးလို့ပြောရမယ်။ ချယ်လ်ဆီးအသင်းက ဘာစီလိုနာကို အားရစရာခြေစွမ်းနဲ့ သုံးဂိုးပြတ်အနိုင်ရပြီးမှ ပရီးမီးယားလိဂ်သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြန်တယ်။ တန်းတက်လိဒ်စ်ကို ဂိုးပြတ်ရှုံးနိမ့်တာနဲ့ ခြေပျက်နေတဲ့ ဘုန်းမောက်ကို
အနိုင်မရတာက တော်တော်လေးဆိုးပါတယ်။ အတ္တလန်တာကလည်း နောက်ဆုံးကစားထားတဲ့ စီးရီးအေပွဲစဉ်မှာ တန်းဆင်းဇုန်ထဲက ဗီရိုနာကို ဂိုးပြတ်ရှုံးနိမ့်ထားတယ်။ ကစားသမားအင်အားပိုသာတဲ့ ချယ်လ်ဆီးကိုတော့ ပိုကြိုက်တယ်။
◘ ဘာစီလိုနာ - ဖရန့်ဖတ် (ဒီဇင်ဘာ ၁၀ ရက် နံနက် ၂း၃၀ နာရီ)
ဘာစီလိုနာအသင်းက လာလီဂါမှာ နိုင်ပွဲဆက်ပြီး ဇယားထိပ်ဆုံးက ဦးဆောင်နေပေမဲ့ ချန်ပီယံလိဂ်မှာတော့ ရုန်းကန်နေရသေးတယ်။ ငါးပွဲကစားပြီးချိန်မှာ ခုနစ်မှတ်ပဲရထားပြီး အဆင့် ၁၈ နေရာရောက်နေလို့ လက်ကျန်သုံးပွဲမှာ အမှတ်တွေယူထားနိုင်ဖို့လိုတယ်။ ဒီရာသီ ဖရန့်ဖတ်အသင်းကလည်း အရင်လိုမာကျောမှုမျိုး ပျောက်ဆုံးနေတယ်။ ဘွန်ဒစ်လီဂါနောက်ဆုံး ပွဲစဉ်မှာ လိုက်ပ်ဇစ်ကို ဂိုးဒါဇင်ဝက်အထိ ခွင့်ပြုထားရလို့ ဘာစီလိုနာတိုက်စစ်ကိုလည်း ထိန်း ချုပ်ထားနိုင်ဖို့မရှိဘူး။ ဘာစီလိုနာအသင်း အိမ်ကွင်းမှာ ဂိုးပြတ်လိမ့်မယ်။
◘ အင်တာမီလန် - လီဗာပူးလ် (ဒီဇင်ဘာ ၁၀ ရက် နံနက် ၂း၃၀ နာရီ)
ကွင်းတွင်းရလဒ်ပိုင်းအပြင် ကွင်းပြင်ပပြဿနာတွေပါ လီဗာပူးလ်အသင်း ရင်ဆိုင်နေရတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာ အဓိကခြေစွမ်းပြခဲ့တဲ့ ဆာလာ ဒီရာသီမှာ ရုန်းကန်နေရပြီး နောက်ဆုံးသုံးပွဲဆက် ပွဲထွက်စာရင်းက ချန်လှပ်ခံခဲ့ရတယ်။ ဒီအခြေအနေမှာ ဆာလာရဲ့အင်တာဗျူးကြောင့် အဝတ်လဲခန်းအတွင်း အကွဲအပြဲသတင်းတွေက ပိုပြီးအာရုံစိုက်စရာဖြစ်လာတယ်။ အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း ဒီရာသီမှာ မထင်ထားလောက်အောင် အမှားများနေတယ်။ အင်တာမီလန်အသင်းကတော့ ချန်ပီယံလိဂ်နောက်ဆုံးပွဲမှာ ရှုံးပွဲကြုံထားပေမဲ့ တည်ငြိမ်မှုရှိပါတယ်။ မီလန်မြေမှာ လီဗာပူးလ်အသင်း ရုန်းကန်ရဦးမှာပါ။ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်တယ်။
◘ စပါး - ဆလာဗီးယားပရပ်ဂ် (ဒီဇင်ဘာ ၁၀ ရက် နံနက် ၂း၃၀ နာရီ)
စပါးအသင်းက ရာသီအစပိုင်းမှာ တာထွက်ကောင်းခဲ့ပေမဲ့ အောက်တိုဘာနောက်ပိုင်းကတည်းက အကျဘက်ယိုင်လာတယ်။ တိုက်စစ်က ဂိုးသွင်းနိုင်ပေမဲ့ ခံစစ်က ဂိုးတွေပြန်ပေးနေရလို့ နိုင်ပွဲတစ်ပွဲရဖို့ ရုန်းကန်ရတဲ့အခြေအနေဖြစ်နေတယ်။
ဆလားဗီးယားပရပ်ဂ်က ပွဲစဉ် ၅ အထိ နိုင်ပွဲမရသေးဘဲ ဒီအဆင့်ကထွက်ရဖို့ များတဲ့အသင်းပါ။ စပါးအသင်း အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ရှိတယ်။ (၂-၀) လောက် ဖြစ်နိုင်တယ်။
◘ အခြားပွဲစဉ်များ
*မိုနာကို - ဂါလာတာစာရေး
*ကိုင်ရတ် - အိုလံပီယာကော့စ်
PSV - အက်သလက်တီကို*
ဆန်လွိုက်ဆီ - မာဆေးလ်*















