၂၀၂၅ Golden Boy အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အပြီးသတ် ၂၅ ဦးစာရင်း ထုတ်ပြန်

၂၀၂၅ Golden Boy အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အပြီးသတ် ၂၅ ဦးစာရင်း ထုတ်ပြန်
Photo: X
Photo: X
Published 17 October 2025

၂၀၂၅ Golden Boy အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အပြီးသတ် ၂၅ ဦးစာရင်း ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

Golden Boy ဆုကို အီတလီအခြေစိုက် Tuttosport သတင်းစာက အားကစားဂျာနယ်လစ််တွေရဲ့ မဲပေးမှုနဲ့ ချီးမြှင့်ခြင်းဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေတဲ့ အသက် ၂၁ နှစ်အောက်ကစားသမားတွေကို ဆန်ခါတင်စာရင်းမှာ ရွေးချယ်ထားပါတယ်။

အခုစာရင်းဟာ ဆန်ခါတင် ၅၀ ဦးစာရင်းကနေ အပြီးသတ် ၂၅ ဦးအဖြစ် ရွေးချယ်ထားတာပါ။

အပြီးသတ် ၂၅ ဦးစာရင်းမှာ PSG အသင်းက ဒူအေ၊ ဇာအီရီအမ်မရီ၊ မာယူလူ၊ ရီးယဲလ်အသင်းက အာဒါဂူလာ၊ ဟိုင်ဆန်၊ မာစတန်တူအိုနိုတို့ သုံးဦးစီနဲ့ အများဆုံးရွေးချယ်ခံထားရပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်က လူးဝစ်စကယ်လီ၊ နွမ်နယ်ရီ (အာဆင်နယ်)၊ ဟာတို၊ အီစတေဗို (ချယ်လ်ဆီး)၊ ဘက်ဗားလ်၊ ဂရေး (စပါး)၊ ယိုဟို (မန်ယူ)၊ အိုရိုင်လီ (မန်စီးတီး)၊ လီယွန်နီ (လီဗာပူးလ်) စတဲ့ ကစားသမား ကိုးဦးအထိ ရွေးချယ်ခံထားရကြောင်း သိရပါတယ်။

Golden Boy ဆုကို ၂၀၀၃ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး စည်းမျဉ်းအရ ကစားသမားတစ်ဦးဟာ တစ်ကြိမ်သာ ချီးမြှင့်ခံရမှာဖြစ်ပါတယ်။

၂၀၂၅ Golden Boy ဆု အပြီးသတ် ၂၅ ဦးစာရင်း

ကူဘာဆီ (ဘာစီလိုနာ)၊ ဒူအေ (PSG)၊ ဟိုင်ဆန် (ရီးယဲလ်)၊ ယီလ်ဒစ်ဇ် (ဂျူဗင်တပ်စ်)၊ လူးဝစ်စကယ်လီ (အာဆင်နယ်)၊ ဇာအီရီအမ်မရီ (PSG)၊ ဂူလာ (ရီးယဲလ်)၊ မာစတန်တူအိုနို (ရီးယဲလ်)၊ နွမ်နယ်ရီ (အာဆင်နယ်)၊ ဟာတို (ချယ်လ်ဆီး)၊ ကွမ်ဒါ (စပို့တင်းလစ္စဘွန်း)၊ အီစတေဗို (ချယ်လ်ဆီး)၊ ယိုဟို (မန်ယူ)၊ မာယူလူ (PSG)၊ အိုရိုင်လီ (မန်စီးတီး)၊ ဘန်ဆက်ဟာ (လေဗာကူဆင်)၊ ဖရိုဟော့ (ပေါ်တို)၊ ဘက်ဗားလ် (စပါး)၊ ဂရေး (စပါး)၊ မာမာဒူဆား (စထရာဘိုး)၊ ဂျိုဘီဘယ်လင်ဂမ် (ဒေါ့မွန်)၊ အက်စ်ပိုဆီတို (အင်တာမီလန်)၊ မိုရာ (ပေါ်တို)၊ လီယွန်နီ (လီဗာပူးလ်)၊ စတန်ကိုဗစ် (ကလပ်ဘရုဂေး)

Most Read

Most Recent