အန်ကယ်တီယာနဲ့ ဟူဆန်အိုဒွိုင်းတို့ကို ဂါနာလက်ရွေးစင်အဖြစ် ရွေးချယ်ဖို့ သဘောထားကွဲလွဲမှုများရှိနေ

အန်ကယ်တီယာနဲ့ ဟူဆန်အိုဒွိုင်းတို့ကို ဂါနာလက်ရွေးစင်အဖြစ် ရွေးချယ်ဖို့ သဘောထားကွဲလွဲမှုများရှိနေ
Photo: X
Photo: X
Published 15 October 2025

အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ နော်တင်ဟမ်တောင်ပံကစားသမား ဟူဆန်အိုဒွိုင်းနဲ့ ပဲလေ့စ်တိုက်စစ်မှူး အန်ကယ်တီယာတို့ကို ဂါနာလက်ရွေးစင်အဖြစ် ရွေးချယ်ဖို့ ဂါနာအားကစားဝန်ကြီးက ဆန္ဒရှိနေပေမဲ့ လွှတ်တော်အတွင်း ကန့်ကွက်မှုတချို့ ရှိနေကြောင်း သိရပါတယ်။

အိုဒွိုင်းနဲ့ အန်ကယ်တီယာတို့ဟာ အင်္ဂလန်မှာ မွေးဖွားကြီးပြင်းသူတွေဖြစ်ပေမဲ့ ဂါနာလူမျိုးမိဘတွေက မွေးဖွားလာခဲ့သူတေဖြစ်တာကြောင့် ဂါနာလက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့်ရှိနေကြောင်း သိရပါတယ်။

နှစ်ဦးစလုံးက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖို့ အလားအလာနည်းပါးနေတာကြောင့် ဂါနာအသင်းအတွက် ပြောင်းလဲကိုယ်စားပြုဖို့ ဆန္ဒရှိနေကြသလို၊ ဂါနာအားကစားဝန်ကြီးကလည်း နည်းပြအလိုရှိတဲ့ ကစားသမားတိုင်းကို တံခါးဖွင့်ကြိုဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဂါနာအားကစားဝန်ကြီးက ခြေစစ်ပွဲကာလမှာ ပါဝင်ကစားခဲ့သူမဟုတ်လည်း ကိစ္စမရှိကြောင်း၊ အရင်က ဂါနာအသင်းအတွက် ကစားခဲ့ဖူးသူမဟုတ်လည်း ကိစ္စမရှိကြောင်း၊ အသင်းရဲ့ နည်းစနစ်အဖွဲ့နဲ့ နည်းပြကသာ နောက်ဆုံးရွေးချယ်မှုပြုလုပ်မှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ဒါပေမဲ့ ဂါနာကျန်းမာရေးဝန်ကြီးဌာနရဲ့ လူထုဆက်ဆံရေးအရာရှိကတော့ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေကို လေးစားမှုရှိဖို့၊ တရားမျှတမှုရှိဖို့၊ အသင်းရဲ့ စုစည်းညီညွတ်မှုကို မထိခိုက်စေဖို့ လိုအပ်ကြောင်း ထောက်ပြပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent