ဘန်ဇီမာကို ခေါ်ယူဖို့ ဖီနာဘာချီအသင်း ပစ်မှတ်ထားနေ

ဘန်ဇီမာကို ခေါ်ယူဖို့ ဖီနာဘာချီအသင်း ပစ်မှတ်ထားနေ
Photo: X
Photo: X
Published 15 October 2025

တူရကီကလပ် ဖီနာဘာချီအသင်းဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

လိုင်ယွန်နဲ့ ရီးယဲလ်မက်ဒရစ်ကစားသမားဟောင်း ဘန်ဇီမာဟာ အသက်(၃၇)နှစ်ရှိပြီဖြစ်ပေမဲ့ ခြေစွမ်းပြနေဆဲဖြစ်ပြီး အယ်လ်အစ်တီဟတ်နဲ့ စာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။

ဘန်ဇီမာကလည်း ဥရောပမှာ ပြန်ကစားဖို့ ဆန္ဒရှိနေတာကြောင့် ဖီနာဘာချီအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားလာခြင်းဖြစ်ပြီး နည်းပြ တယ်ဒက်စကိုကတော့ လာမယ့်ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

ဘင်ဖီကာနည်းပြ မော်ရင်ဟိုကလည်း ဘန်ဇီမာနဲ့ ပြန်လည်လက်တွဲဖို့ လိုလားနေကြောင်း သိရပါတယ်။

ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ တစ်နှစ်ပေါင်သန်း(၈၀)ကျော် ရရှိနေကြောင်း သိရပါတယ်။

Most Read

Most Recent