PDF များ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကို မျှော်မှန်းကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက ဆက်သွယ်ရန် ထပ်မံဖိတ်ခေါ်

PDF များ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကို မျှော်မှန်းကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက ဆက်သွယ်ရန် ထပ်မံဖိတ်ခေါ်
Published 8 September 2025

PDF များ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကို မျှော်မှန်းကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက ဆက်သွယ်ရန် ထပ်မံဖိတ်ခေါ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(စက်တင်ဘာ ၈ ရက်)တွင် ထုတ်ပြန်သည်။

PDF များ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်အရ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သော PDF များ အပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များအား မိဘများထံ အပ်နှံပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည် မဲစာရင်းမှားယွင်းမှုများအတွက် (က) မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖြေရှင်းပေးရန်၊ ( ခ ) ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေးအားခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရန်၊ ( ဂ ) နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာဆောင်ရွက်ပေးရန်၊ (ဃ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့ခြင်းစသည့် မေတ္တာရပ်ခံတောင်းဆိုမှုများအပေါ် ငြင်းပယ်ခဲ့ပြီး ပြဿနာဖြစ်ပွားနေသည့် ရွေးကောက်ပွဲရလဒ်ဖြင့်ပင် လွှတ်တော်ခေါ်ယူရန် အတင်းအဓမ္မကြိုးပမ်းခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းမှုပင်ဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့လုပ်ဆောင်မှုများသည် မဲမသမာမှုများရှိခဲ့၍သာ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းမရှိသည်ကို ပေါ်လွင်စေခဲ့သည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းမှုတွင် ထိုစဉ်က နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်ပတ်သက်မှုရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်အရမဟုတ်သည့် ပုဂ္ဂလိကပြစ်မှု ကျူးလွန်မှုများရှိခဲ့၍ အရေးယူခံရသည့် အချိန်လည်းဖြစ်ခဲ့ကြောင်း၊ ထိုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသမ္မတက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် မဲမသမာမှုများကို စိစစ်ဖော်ထုတ်၍ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ခဲ့သည်ကို ပြည်တွင်းပြည်ပက အထင်အမြင်လွဲမှားအောင် တပ်မတော်က ဒီမိုကရေစီကို နောက်ပြန်ဆွဲသယောင် ဝါဒမှိုင်းတိုက်ကာ ၎င်းတို့သာ ရွေးကောက်ခံအစိုးအရအဖြစ် ပုံဖော်လျက် CRPH၊ NUG တို့ကို ဖွဲ့စည်းခဲ့ကြပြီး ပြည်သူလူထုနှင့် လူငယ်လူရွယ်များကို လွဲမှားသည့် မျှော်လင့်ချက်များပေးကာ လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CRPH၊ NUG တို့သည် PDF အဖွဲ့များကို ဖွဲ့စည်းကာ လက်နက်၊ခဲယမ်းရရှိရေးအတွက် အချို့သော EAO များ လက်အောက်သို့ သွတ်သွင်းခဲ့ပြီး အချို့သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ်အသုံးပြုစေကာ PDF တို့၏ ဘဝများကို စတေးခဲ့သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခါ နိုင်ငံတော်အစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် အချို့သော EAO တို့သည် ရပ်တည်ရန် ခက်ခဲလာကြပြီး PDF တို့သည်လည်း ပိုမိုအတိဒုက္ခရောက်လာကြရကြောင်း၊ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင် လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ကြရန် အချိန်တန်ပြီဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများအပြင် PDF များသည်ပင် လိုလားကြပြီး ရည်မှန်းချက်ချင်း တူညီကြကြောင်း၊ ဒီမိုကရေစီမျက်နှာဖုံးတပ်ပြီး နိုင်ငံတော်အာဏာကို မက်မောကြသည့် CRPH၊ NUG တို့၏ လိုလားချက်မှာ ၎င်းတို့သာရွေးကောက်ခံအစိုးရဆိုသည့် ရပ်တည်မှု မပျောက်ဆုံးရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်နေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ နှောင့်ယှက်မှုများကြောင့်သာ ဒီမိုကရေစီခရီးလမ်းနှောင့်နှေး ကြန့်ကြာနေရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PDF များ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲကြီး အလွန် အားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကို မျှော်မှန်းကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်ပါကြောင်း ထပ်မံဖိတ်ခေါ်အပ်ပါသည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent