ကရင်ပြည်နယ်၊မြဝတီ မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြား ကျောင်းများတွင် မေလ၂၇ ရက်နေ့ နံနက်က ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ပညာရေးထောက်ပံ့ရေး ပစ္စည်း ပေးအပ်သည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းစံလင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အဆင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊မြို့မိမြို့ဖ ဦးသန်းရွှေနှင့်အဖွဲ့ ၊ ပညာရေးဝန်ထမ်းဆရာ၊ဆရာမများ၊ကျောင်းသူကျောင်းသားများတက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ ကျောင်းသူကျောင်းသားများ၏ တေသရုပ်ဖော်အက အလှများဖြင့်ဧည့်ခံ ဖျော်ဖြေ ပြီးနောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားရာတွင်"မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်နိုင်မယ့် လူတော်လူကောင်းများ ဖြစ်လာဖို့အတွက် လိုအပ်ပါတယ်။နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်းများရဲ့ အတန်းပညာမှတဆင့် အတတ်ပညာ အသိပညာများကို ပိုမိုပြည့်စုံအောင် ဖော်ဆောင်ပေးနိုင်မှာဖြစ်တဲ့အတွက် ကျောင်းနေအရွယ်ကလေးများအားလုံးစာသင်ကျောင်းသို့ရောက်ရှိပြီးပညာသင်ကြားနိုင်ရေးလူတိုင်းက ၀ိုင်ဝန်းကြိုးပန်းဆောင်ရွက်ပေးဖို့တိုက်တွန်းလိုပါတယ်"ဟုထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် Grade 1မှ Grade 12 ထိ ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများအား သင်ထောက်ကူပစ္စည်းပေးအပ်ခြင်း၊ ပညာရေးအထောက်အပံ့ အဖြစ်လှူဒါန့်သည့်အလှူရှင်များအား သက်ဆိုင်ရာတာဝန်ရှိသုများက ဂုဏ်ပြုလက်မှတ်များ ပြန်လည်ချီးမြှောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် စစ်ရေးပဋိပက္ခကြောင့် တစ်နှစ်ကျော်ပိတ်ထားခဲ့ရပြီး စစ်ဒဏ်ကြောင့်ပျက်စီးခဲ့ရသော သဃ်ညီနောင် အထက်တန်း ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်း၏ အမိုး၊အလူမီနီယံတံခါး၊ဆိုလာမီးစနစ်၊မျက်နှာကြက်များ ၊စာရေးခုံ များ လိုအပ်ချက်များအတွက်ဦးစောချစ်သူနှင့်ဇနီးဒေါိနန်ခင်လှသူ မိသားစုကျပ်သိန်းပေါင်း ၂၄၀၀ လှူဒါန်းခဲ့ ကြောင်းသိရသည်။
မြဝတီမြို့နယ်ပညာရေးမှူး ဦးမိုးကျော်က လည်း ကျေးဇူတင်စကား ပြောကြားရာတွင် မြဝတီခရိုင်အတွင်းမှာ ပိတ်ထားရသည့်စာသင် ကျောင်းများပြန်လည်ဖွင့်လှစ် နိုင်သည့်အတွက် ဝမ်းသာကြောင်းနှင့်
ပညာရေးစေတနာရှင့်များ၏ဝိုင်းဝန်းကြိုးပန်းမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် အထက၂ ကျောင်းသူကျောင်းသားများက ဇာတိမာန်သီချင်းဖြင့် နှုတ်ဆက်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။















