နယ်စပ်နှင့် ရေကြောင်းဝင်ပေါက်၊ လေဆိပ်များမှ ဝင်ရောက်လာသည့် ခရီးသည်များတွင် တစ်ဦးလျှင် လက်ကိုင်ဖုန်းနှစ်လုံးသာ သယ်ယူခွင့်ပြုပြီး CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသော လက်ကိုင်ဖုန်းများဖြစ်ပါက လေဆိပ်အကောက်ခွန်ကောင်တာတွင် Passenger Declaration Form (PD Form) ဖြင့် ကြေညာရမည်

နယ်စပ်နှင့် ရေကြောင်းဝင်ပေါက်၊ လေဆိပ်များမှ ဝင်ရောက်လာသည့် ခရီးသည်များတွင် တစ်ဦးလျှင် လက်ကိုင်ဖုန်းနှစ်လုံးသာ သယ်ယူခွင့်ပြုပြီး CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသော လက်ကိုင်ဖုန်းများဖြစ်ပါက လေဆိပ်အကောက်ခွန်ကောင်တာတွင် Passenger Declaration Form (PD Form) ဖြင့် ကြေညာရမည်
Published 15 July 2026

နယ်စပ်နှင့် ရေကြောင်းဝင်ပေါက်၊ လေဆိပ်များမှ ဝင်ရောက်လာသည့် ခရီးသည်များတွင် တစ်ဦးလျှင် လက်ကိုင်ဖုန်းနှစ်လုံးသာ သယ်ယူခွင့်ပြုပြီး CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသော လက်ကိုင်ဖုန်းများဖြစ်ပါက လေဆိပ်အကောက်ခွန်ကောင်တာတွင် Passenger Declaration Form (PD Form) ဖြင့် ကြေညာရမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ်စီမံကိန်းဦးစီးကော်မတီက ထုတ်ပြန်သည်။

နယ်စပ်ဝင်ပေါက်များမှလည်းကောင်း၊ ပင်လယ်ရေကြောင်း ဝင်ပေါက်များမှလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှလည်းကောင်း ဝင်ရောက်လာသော မိုဘိုင်းလက်ကိုင်ဖုန်းများအား CEIR စနစ်တွင် မှတ်ပုံတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ် (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) များမှ ဝင်ရောက်လာသည့် ခရီးသည်များနှင့်အတူပါရှိလာသည့် (ခရီးသည်တစ်ဦးလျှင် လက်ရှိအသုံးပြုနေသည့် ဖုန်းအပါအဝင် မိုဘိုင်း လက်ကိုင်ဖုန်းနှစ်လုံးသာ သယ်ယူခွင့်ပြုပါသည်) မိုဘိုင်းလက်ကိုင်ဖုန်းများကိုသာ CEIR စနစ်တွင် မှတ်ပုံတင်ရန်အတွက် ဖော်ပြပါလုပ်ငန်းစဉ်များအား ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဆောင်ရွက်မည့် လုပ်ငန်းစဉ်အနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့် ခရီးသည်များအနေဖြင့် CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသော မိုဘိုင်း လက်ကိုင်ဖုန်းများပါရှိလာပါက လေဆိပ်အကောက်ခွန်ကောင်တာတွင် Passenger Declaration Form (PD Form) ဖြင့် ကြေညာရမည်ဖြစ်ကြောင်း၊ ထိုသို့ကြေညာရာတွင် PD Form ၌ IMEI နံပါတ်အား မဖြစ်မနေထည့်သွင်းကြေညာရမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းလက်ကိုင်ဖုန်းများအား CEIR စနစ်တွင် မှတ်ပုံတင်နိုင်ရန်အတွက် CEIR OSS အဖွဲ့သို့ စာရွက်စာတမ်းများဖြစ်သည့် CEIR စနစ်တွင် မှတ်ပုံတင်ခွင့် လျှောက်လွှာ၊ Passport (မိတ္တူ) (ဓာတ်ပုံပါသောရှေ့စာမျက်နှာနှင့် လေဆိပ် လဝကမှ ရောက်ရှိရက်စွဲ ရိုက်နှိပ်ထားသော စာမျက်နှာ)၊ Boarding Passနှင့် လေယာဉ်လက်မှတ် (မူရင်း၊ မိတ္တူ)၊ Passenger Declaration Form (PD Form) (မူရင်း) စသည့်တို့ဖြင့် လာရောက်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားလာမှုသည် Passenger Declaration Form (PD Form) ကြေညာခဲ့သည့်ရက်မှ ရက်ပေါင်း (၃၀) အတွင်း လျှောက်ထား၍ ကျသင့်အခွန်ကို ပေးသွင်းရမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထား နိုင်ခြင်းမရှိပါက CEIR စနစ်မှ ကျသင့်အခွန်အပြင် ဒဏ်ကြေးများ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ခရီးသည်တစ်ဦးလျှင် ပထမအကြိမ် PD Form ကြေညာသည့်နေ့မှ တစ်နှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း နှစ်လုံးအထိသာ လျှောက်ထားနိုင်ကြောင်း CEIR နှင့် EIR စနစ်စီမံကိန်းဦးစီးကော်မတီက ထုတ်ပြန်သည်။

Most Read

Most Recent