■ ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ၄၇၀၀ ကျော်ရှိလာ

■ ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ၄၇၀၀ ကျော်ရှိလာ
Published 15 July 2026

ဗင်နီဇွဲလားနိုင်ငံတွင် ပြီးခဲ့သည့်လက လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် သေဆုံးသူအရေအတွက်သည် ၄၇၀၀ ကျော်လွန်သွားခဲ့ပြီး လူဦးရေ ၁၇၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင် ၁၄ ရက်တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

ရစ်ခ်တာစကေး ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိသော ငလျင်နှစ်ခုသည် ဇွန်လ ၂၄ ရက်တွင် တစ်မိနစ်အတွင်း ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် လာဂွိုင်ရာပြည်နယ်ကို ဆိုးရွားစွာ ပျက်စီးစေခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟိုဆေး ရိုဒရီဂွက်ဇ်၏ Telegram တွင် မျှဝေထားသည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် လူ ၄၇၃၄ ထက်မနည်း သေဆုံးခဲ့ပြီး ၁၆၇၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒဏ်ရာရရှိသူအများစုမှာ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါငလျင်လှုပ်ခတ်မှုအတွင်း အဆောက်အအုံ ရာနှင့်ချီ ပြိုကျပျက်စီးခဲ့ပြီး လူပေါင်းများစွာ အပျက်အစီးများအောက်တွင် ပိတ်မိခဲ့ကာ ပျောက်ဆုံးသူဦးရေ ၅၀၀၀၀ ခန့်ရှိနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

Ref: AFP

 

Most Read

Most Recent