ပရိသတ်များရွေးချယ်သည့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်း၌ ချန်ပီယံလီဗာပူးလ်အသင်းမှ ကစားသမား(၃)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသင်းကို (၄-၄-၂)ပုံစံဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်နှင့် နော်တင်ဟမ်ဖောရက်စ်တို့မှလည်း (၂)ဦးစီပါဝင်ခဲ့သည်။
ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် ရွေးချယ်ခံခဲ့ရသူများမှာ ဂိုး- မက်ဇ်ဆဲလ်စ်(နော်တင်ဟမ်ဖောရက်စ်)၊ နောက်- မူနော့ဇ်(ပဲလေ့စ်)၊ ဆာလီဘာ(အာဆင်နယ်)၊ ဗန်ဒိုက်(လီဗာပူးလ်)၊ ကာကက်ဇ်(ဘုန်းမောက်)၊ လယ်- ဆာလာ၊ ဂရာဗန်ဘတ်ချ်(လီဗာပူးလ်)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ အမ်ဘူမို(ဘရန့်ဖို့ဒ်)၊ ရှေ့- အီဆက်ခ်(နယူးကာဆယ်)၊ ခရစ္စဝုဒ်(နော်တင်ဟမ်ဖောရက်စ်)တို့ ဖြစ်သည်။
ယခုအသင်းအား ပရိသတ်များ၏ ဆန္ဒမဲအပေါ် အခြေခံကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဝက်ဘ်ဆိုက်မှတစ်ဆင့် ပရိသတ်များအား အကောင်းဆုံးအသင်းတစ်သင်းစီ ရွေးချယ်စေပြီး ယင်းရွေးချယ်မှုမှ မဲအများဆုံးရရှိသည့် ကစားသမားများဖြင့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်း ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















