ချန်ပီယံလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ယမားလ် ရရှိခဲ့ပြီး ဒက်ကလန်ရိုက်စ်၏ဂိုး တတိယရရှိ

ချန်ပီယံလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ယမားလ် ရရှိခဲ့ပြီး ဒက်ကလန်ရိုက်စ်၏ဂိုး တတိယရရှိ
Photo: UEFA
Photo: UEFA
Published 2 June 2025

၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးဆုကို ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်က အင်တာမီလန်နှင့် ယှဉ်ပြိုင်ခဲ့သော ဆီမီးဖိုင်နယ်ပထမအကျော့တွင် သွင်းယူခဲ့သောဂိုးဖြင့် ရရှိခဲ့သည်။

ယမားလ်သည် အင်တာမီလန်ကစားသမား (၅)ဦးခန့် ပိတ်ဆို့ကာကွယ်ထားသည့်ကြားမှ လှလှပပကန်သွင်းယူခဲ့ခြင်း ဖြစ်သည့်အတွက် အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းအား ကွာတားဖိုင်နယ်ပထမအကျော့တွင် သွင်းယူခဲ့သော အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်၏ သွင်းဂိုးက ဒုတိယအကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ရီးယဲလ်အသင်းအား (၃-၀) ဂိုးဖြင့် အနိုင်ယူခဲ့သည့်ပွဲတွင် အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ် သွင်းယူခဲ့သော ဒုတိယဖရီးကစ်ဂိုးက တတိယအကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုး(၁၀)ဂိုးစာရင်းတွင် ယမားလ်၏ ဘင်ဖီကာနှင့်ပွဲမှ သွင်းဂိုးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent