စီးရီးအေ ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်

စီးရီးအေ ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 23 April 2025

♦ ကာဂလီယာရီ နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဧပြီလ ၂၃ ရက် ည ၁၁:၀၀ နာရီ)

ဖီအိုရင်တီးနားက ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိသေးပေမဲ့ ကွန်ဖရန့်လိဂ်ကို ပိုအာရုံစိုက်နေတယ်။ ကာဂလီယာရီက အိမ်ကွင်းခြေစွမ်းမဆိုးပါဘူး။ ကာဂလီယာရီနဲ့ စွန့်စားသင့်တယ်။

♦ ဂျီနိုအာ နှင့် လာဇီယို (မြန်မာစံတော်ချိန် ဧပြီလ ၂၃ ရက် ည ၁၁:၀၀ နာရီ)

လာဇီယိုက နောက်ပိုင်းပွဲတွေမှာ ရမှတ်လေလွင့်ခဲ့ရပေမဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ဆုံခဲ့တာပါ။ ဂျီနိုအာကတော့ အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပြီး ရမှတ်လိုအပ်ချက်လည်း မရှိတော့ပါဘူး။ လာဇီယိုကို ကြိုက်တယ်။

♦ ပါးမား နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဧပြီလ ၂၃ ရက် ည ၁၁:၀၀ နာရီ)

ဂျူဗင်တပ်စ်အတွက် ခက်ခဲနိုင်တဲ့ ပွဲစဉ်တစ်ပွဲပါပဲ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားကုန်ထုတ်မယ့် ဂျူဗင်တပ်စ်ပဲကြိုက်တယ်။ (၂)သင်းပေါင်းသွင်းဂိုးများနိုင်တယ်။

Most Read

Most Recent