ချယ်လ်ဆီးအသင်းသည် ဘာစီလိုနာလူငယ်ကြယ်ပွင့် ယမားလ်၏အခြေအနေကို စောင့်ကြည့်နေပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
စပိန်လက်ရွေးစင်လူငယ်တိုက်စစ်ကစားသမား ယမားလ် (၁၇ နှစ်)သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုမှာ လက်ရှိအချိန်ထိ သဘောတူညီမှု မရသေးကြောင်း သိရှိရသည်။
ယမားလ်ကမူ ဘာစီလိုနာအသင်းတွင်သာ ဆက်နေမည်ဟု ကတိပေးပြောကြားထားသည်။
သို့သော် ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီသည် ယမားလ်၏အခြေအနေကို စောင့်ကြည့်နေပြီး ၎င်းအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀၀) ပေးချေရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
ဘာစီလိုနာအနေဖြင့် ယမားလ်ကို စာချုပ်သစ်ချုပ်ဆိုလိုသော်လည်း လက်ရှိအချိန်အထိ အဆင်မပြေဖြစ်နေပြီး ယင်းအချက်ကို တော့ဒ်ဘိုလီက အခွင့်အရေးယူလိုနေခြင်းဖြစ်သည်။