ကိုမို - အမ်ပိုလီ (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၈:၃၀ နာရီ)
ကိုမိုက နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတယ်။ အမ်ပိုလီကတော့ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားရမယ့်အသင်းပါ။ အမ်ပိုလီနဲ့ စွန့်စားသင့်တယ်။
ဗင်နီဇီယာ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၈:၃၀ နာရီ)
ဘိုလော့ဂ်နာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်နေပြီ။ ဗင်နီဇီယာကလည်း နာပိုလီ၊ အတ္တလန်တာ၊ လာဇီယိုတို့လို အသင်းတွေကိုတောင် သရေကစားခဲ့တယ်။ ဒါပေမဲ့ ဘိုလော့ဂ်နာကို ကြိုက်တယ်။
ဂျူဗင်တပ်စ် - ဂျီနိုအာ (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် ည ၁၁:၃၀ နာရီ)
ဂျူဗင်တပ်စ်က စိတ်ပျက်စရာကစားပုံနဲ့အတူ စီးရီးအေနောက်ဆုံး (၂)ပွဲဆက် သွင်းဂိုးမဲ့ ဂိုးပြတ်ရှုံးပွဲတွေ ကြုံခဲ့တယ်။ လက်ရှိ ဂျူဗင်တပ်စ်က လျော့တိလျော့ရဲနိုင်နေပြီး တိုက် စစ်ကလည်း အတော်လေး ရုန်းကန်နေရတယ်။ ဂျီနိုအာကလည်း အထက်မရောက်အောက်မရောက်အသင်းဖြစ်ပြီး အမှတ်လိုအပ်ချက်လည်း မရှိပါဘူး။ ဒီပွဲတော့ ဂျူဗင်တပ်စ် နိုင်ပွဲပြန်တွေ့နိုင်ပါတယ်။
လက်ချီ - ရိုးမား (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် နံနက် ၂:၁၅ နာရီ)
လက်ချီက စီးရီးအေနောက်ဆုံး (၄)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်နားရောက်နေတယ်။ ရိုးမားကတော့ ယူရိုပါလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရလို့ ပြည်တွင်းပြိုင်ပွဲကို ပိုအားစိုက်တော့မယ့် အနေအထားပါပဲ။ လက်ရှိခြေစွမ်းကြောင့် ရိုးမားကိုပဲ ရွေးချင်တယ်။