
နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC တွင် တရားရေးအရဖြေရှင်းစရာအမှုမရှိဟု ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂို ဒူတာတေးက ယူဆထားကြောင်း ၎င်းင်း၏သမီးဖြစ်သူ ဆာရာဒူတာတေး မတ် ၂၃ ရက်တွင် ပြောကြားခဲ့ သည်။
ထို့ပြင် ဒူတာတေးသည် တရားရေးအရအကျိုးအကြောင်း ခိုင်မာစွာရှင်းလင်းတင်ပြနိုင်စွမ်းရှိသည်ကိုလည်း ယုံကြည်ထားကြောင်း ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေးက ပြောကြားခဲ့သည်။
၎င်း၏ဖခင်သည် ICC တွင် ပထမဆုံး အကြိမ် ကြားနာစစ်ဆေးမှုခံယူချိန်အတွင်း အားနည်းနေပုံပေါ်ခဲ့ပြီး လက်ရှိတွင် ကျန်းမာ ရေးကောင်းမွန်နေပြီဖြစ်ကြောင်း ဆာရာဒူ တာတေးးက သတင်းထောက်များကို ပြော ကြားခဲ့သည်။
“သူက တရားရေးအရ အကျိုးအ ကြောင်း ခိုင်လုံစွာတင်ပြနိုင်ရေးနဲ့ပတ်သက် ပြီးအရမ်းယုံကြည်ချက်ရှိနေပါတယ်။ သူတို့ဘက်က လုပ်ခဲ့တာတွေမှားတယ်ဆိုတာနဲ့ ဖြေရှင်းစရာအမှုမရှိဘူးဆိုတာကို သူက ယုံကြည်ထားပါတယ်”ဟု ဆာရာဒူတာတေးက ပြောကြားခဲ့သည်။
အသက် ၇၉ နှစ်အရွယ် သမ္မတဟောင်း ဒူတာတေးသည် ၎င်း၏ သမ္မတသက်တမ်းအတွင်း လူပေါင်းထောင်ချီသေဆုံးခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲနှင့်ပတ်သက်ပြီး လူသားမျိုးနွယ်ကိုဆန့်ကျင်သည့် ရာဇဝတ်မှုစွဲချက်များနှင့် ရင်ဆိုင်နေရသည်။
လက်ရှိတွင် သူသည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းခံထားရပြီး စက်တင်ဘာ ၂၃ ရက် တွင်ပြုလုပ်မည့် ၎င်း၏ စွဲချက်များအပေါ် တရားရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်း နေသည်။
ဒူတာတေးသည် မတ် ၁၁ ရက်က ဟောင်ကောင်မှ မနီလာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး နာရီပိုင်းအတွင်းမှာပင် ဒူဘိုင်းမှတစ်ဆင့် သည်ဟိဂ်မြို့သို့ ပို့ဆောင်ခံခဲ့ရကာ သည်ဟိဂ် သို့ရောက်ရှိပြီး နှစ်ရာကအကြာတွင် ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှုခံယူခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ဒူတာတေး၏ ကျန်းမာရေးအခြေအနေသည် ပိုမိုကောင်းမွန်လာပြီး ၎င်းအားပြုစုကုသပေးခဲ့သည့် ဆရာဝန်များနှင့်သူနာပြုများကို ကျေးဇူးတင်ကြောင်း ဆာရာဒူတာတေးက ပြောကြားခဲ့သည်။
အစောပိုင်းက ဒူတာတေးသည် ထိန်းသိမ်းရေးစင်တာတွင် ၎င်းအား ကျွေးမွေးသည့်အစားအစာနှင့်ပတ်သက်ပြီး စောဒကတက်ခဲ့ကြောင်း ဆာရာဒူတာတေးက ပြောကြားခဲ့သည်။
“အခုတော့ သူ ထမင်းစားနေရပါပြီ။ ထမင်းနဲ့ဟင်းကို ကောင်းမွန်စွာ ချက်ပြုတ်ပေးဖို့ ကျွန်မတို့ဘက်က တောင်းဆိုခဲ့တာပါ။ ဖိလစ်ပိုင်အရသာတွေအတိုင်း မှန်မှန်ကန်ကန်ချက်ပြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်” ဟု ဆာရာဒူတာတေးက ပြောကြားခဲ့သည်။
ဆာရာဒူတာတေးသည် မတ် ၂၃ ရက် အစောပိုင်းကလည်း သည်ဟိဂ်မြို့ရှိ Malieveld မြက်ခင်းပြင်တွင်စုရုံးနေသည့် ထောင် နှင့်ချီသည့် ဒူတာတေးအား ထောက်ခံသူများ ကို မိန့်ခွန်းပြောကြားခဲ့သည်။ဒူတာတေးကိုထောက်ခံသူများက ဒူတာတေးအား အိမ်သို့ ပြန်ခေါ်သွားရန် ဟစ်ေ<ကး ခဲ့ကြပြီး နှင့် ဒူတာ တေးသည် ICC သို့ ပြန်ပေးဆွဲခေါ်ဆောင်ခံခဲ့ ရသည်ဟု ၎င်းင်းအား ထောက်ခံသူများက ယူဆ ထားကြသည်။
Ref;AFP