■တောင်ကိုရီးယားတွင် မီးသတ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူး သေဆုံး ■တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၈ ဦးရှိ

■တောင်ကိုရီးယားတွင် မီးသတ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူး သေဆုံး ■တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၈ ဦးရှိ
Photo-AFP
Photo-AFP
Published 26 March 2025

တောင်ကိုရီးယားတွင် မီးသတ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူး သေဆုံး

တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၈ ဦးရှိ

တောင်ကိုရီးယားနိုင်ငံတွင် မတ် ၂၆ ရက်က သေဆုံးသူ ၁၈ ဦးထက်မနည်းရှိစေခဲ့သော တောမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ပေးနေသည့် ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားကြောင်း မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။

"တောမီးကို ငြိမ်းသတ်ပေးနေတဲ့ ရဟတ်ယာဉ်တစ်စင်း ယူအီဆယ်ရောင်ကောင်တီက တောင်ထူထပ်တဲ့ နေရာတစ်နေရာမှာ ပျက်ကျသွားပါတယ်။အခင်းဖြစ်ပွားရာနေရာမှာတင် လေယာဉ်မှူးသေဆုံးသွားပါတယ်"ဟု ဂယောင်းဘက်မီးသတ်တတပ်ဖွဲ့က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ အဆိုးဆုံးတောမီးလောင်မှုများမှ တစ်ခုဖြစ်သည့် ယင်းတောမီးကြောင့် သေဆုံးသူ ၁၈ ဦးထက်မနည်းရှိလာခဲ့ကာ မကြုံစဖူးအပျက်အစီးများဖြစ်ပေါ်ခဲ့ကြောင်း ယာယီသမ္မတ ဟန်ဒွတ်ဆူက မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံအရှေ့တောင်ပိုင်းတွင် သီတင်းပတ်ကုန်ကျော်က ဒါဇင်နှင့်ချီသည့် တောမီးလောင်ကျွမ်းမှု​ဖြစ်ပွားခဲ့ပြီး လူ ၂၇၀၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်။

ဒေသခံများက အထိတ်တလန့်ဖြင့် ရွှေ့ပြောင်းချိန်တွင် တောမီးကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု ကြုံတွေ့ခဲ့ရသည်။

လေတိုက်နှုန်းကြောင့် မီးကူးစက်လောင်ကျွမ်းမှု ပြင်းထန်ပြီး အိမ်နီးချင်းဒေသများနှင့် ရှေးဟောင်းဘုရားကျောင်းတစ်ခုဆီ ကူးစက်လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တောမီးသည် ၁၇၃၉၈ ဟက်တာ (၄၂ ၉၉၁ ဧက)ကို ကူးစက်လောင်ကျွမ်းနေပြီး တောမီးလောင်မှုစုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းသည် ယူအီဆယ်ရောင်ကောင်တီတစ်ခုတည်း၌ ဖြစ်သည်ဟု ဆိုသည်။

အစိုးရက အကျပ်အတည်းသတိပေးချက်အခြေအနေကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထုတ်ပြန်ထားသည်။

Ref:AFP

Photo : AFP

Most Read

Most Recent