မြန်မာနိုင်ငံရှိ ကျားဖျန့်ဂိုဏ်းများ၌ အလုပ်စေခိုင်းခံခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်

မြန်မာနိုင်ငံရှိ ကျားဖျန့်ဂိုဏ်းများ၌ အလုပ်စေခိုင်းခံခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်
Published 3 March 2025

မြန်မာနိုင်ငံရှိ ကျားဖျန့်ဂိုဏ်းများ၌ အလုပ်စေခိုင်းခံခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် လေကြောင်း ခရီးစဉ်နှစ်ခုဖြင့် အင်ဒိုနီးရှားသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အရာရှိများက မတ် ၁ ရက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် လွန်ခဲ့သည့် နှစ်များအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ အများအပြား ပေါ်ပေါက်ခဲ့ပြီး အလွန်လစာကောင်းသည့် အလုပ်များ ရရှိလိမ့်မည်ဆိုသည့် မက်လုံးများပေးပြီး အနောက်နိုင်ငံသားများကို လိမ်ညာခေါ်ယူကာ ကျားဖျန့်လုပ်ငန်းများကို လုပ်ဆောင်ရန် အတင်းအဓမ္မ စေခိုင်းမှုများ ရှိခဲ့သည်။

တရုတ်၏ ဖိအားများကြောင့် မြန်မာအာဏာပိုင်များသည် ကျားဖျန့်စင်တာများရှိသည့် ခြံဝင်းအချို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံသား ၇၀၀၀ ခန့်ကို ကယ်တင်ခဲ့သည်။

အင်ဒိုနီးရှာ အာဏာပိုင်များသည် မြန်မာ၊ ထိုင်း အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား ၆၉ ဦး၊ အမျိုးသမီး ၁၅ ဦးတို့သည် ဂျကာတာမြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံသားများကာကွယ်ရေး ညွှန်ကြားရေးမှူး ဂျူဒါနျူဂရာဟာက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

Ref:AFP

                            

Most Read

Most Recent