နောင်တွင် ယီမင်ရှိ ဟူရ်သီသူပုန်တို့၏ တိုက်ခိုက်မှုများကို အီရန်တိုက်ခိုက်သည်ဟု မှတ်ယူမည်ဖြစ်ကာ တိုက်ခိုက်မှုများအတွက် အီရန်တာဝန်ခံစေရမည်ဟု ဒေါ်နယ်ထရန့် ပြောကြား

နောင်တွင် ယီမင်ရှိ ဟူရ်သီသူပုန်တို့၏ တိုက်ခိုက်မှုများကို အီရန်တိုက်ခိုက်သည်ဟု မှတ်ယူမည်ဖြစ်ကာ တိုက်ခိုက်မှုများအတွက် အီရန်တာဝန်ခံစေရမည်ဟု ဒေါ်နယ်ထရန့် ပြောကြား
ဂျွန်အက်ဖ်ကနေဒီစင်တာကိုသွားသည့် ခရီးစဉ်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မီဒီယာကို ရှင်းလင်းပြောကြားနေပုံအား မတ် ၁၇ ရက်တွင် တွေ့ရစဉ် (Photo: AFP)
ဂျွန်အက်ဖ်ကနေဒီစင်တာကိုသွားသည့် ခရီးစဉ်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မီဒီယာကို ရှင်းလင်းပြောကြားနေပုံအား မတ် ၁၇ ရက်တွင် တွေ့ရစဉ် (Photo: AFP)
Published 18 March 2025

ပင်လယ်နီတွင် အမေရိကန်သင်္ဘောများနှင့် အခြားနိုင်ငံတို့က သင်္ဘောများကို ပစ်မှတ်ထားသော ယီမင်၏ အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီသူပုန်များ၏ နောင်တွင်တိုက်ခိုက်မှုမှန်သမျှကို အီရန်အား တိုက်ရိုက်တာဝန်ခံစေမည်ဟု မတ် ၁၇ ရက် တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာခဲ့သည်။

“အခုချိန်ကစလို့ ဟူရ်သီပစ်လိုက်တဲ့ အချက်တိုင်းကို အီရန်လက်နက်တွေနဲ့ အီရန်ခေါင်းဆောင်ပိုင်းက ပစ်လိုက်တဲ့ ပစ်ချက်အဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်။ အီရန်ဟာ တာဝန်ခံရပါလိမ့်မယ်။ အကျိုးဆက်တွေ ကို ခံရပါလိမ့်မယ်”ဟု ထရန့်က ၎င်း၏ဆို ရှယ်မီဒီယာဖြစ်သော Truth Social တွင် ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ဟူရ်သီပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ လပေါင်းများစွာရှိပြီဖြစ်သော်လည်း ထရန့်၏မှတ်ချက်များက အီရန်ကို ရည်ရွယ်နေသည်မှာ ထူးခြားနေသည်။ အခြေအမြစ်မရှိသော စွပ်စွဲပြောကြားမှုများအတွက် မတ် ၁၇ ရက်နှောင်းပိုင်းတွင် အီရန်က အမေ ရိကန်သမ္မတကို ဝေဖန်ရှုတ်ချခဲ့သည်။

ထရန့်၏သက်တမ်းသစ်တွင် ယီမင်ကိုအမေရိကန်၏ ပထမဆုံးတိုက်ခိုက်မှုများကြောင့် မတ် ၁၅ ရက်တွင် ၅၃ ဦး သေဆုံးခဲ့ပြီး ၉၈ ဦး ဒဏ်ရာရခဲ့ပြီးနောက် ထရန့်၏ အထက်ပါမှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဟူရ်သီက အမေရိကန် လေယာဉ်တင်သင်္ဘောပါသော စစ်သင်္ဘောအုပ်စုကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တတိယ အကြိမ်မြောက်တိုက်ခိုက်ခဲ့သည့်အပြင် ဟူရ်သီထိန်းချုပ်ထားသော ယီမင်တွင် အမေရိ ကန်၏တိုက်ခိုက်မှုများကို လူထောင်ချီ ဆန္ဒပြခဲ့သည်။

ပင်လယ်နီရေလမ်းကြောင်းတွင် ခုတ်မောင်းနေသော သင်္ဘောများကို တိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုက ဟူရ်သီကို တိုက်ခိုက်ခဲ့သည်။ ပင်လယ်နီရေလမ်းကြောင်းသည် အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည်။

“ဟူရ်သီတို့ရဲ့ နောက်ထပ်တိုက်ခိုက်တာတွေ ဒါမှမဟုတ် လက်စားချေတာတွေဟာ ကြီးမားတဲ့အင်အားနဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်”ဟု ထရန့်က ပို့စ်တွင်ဖော်ပြခဲ့ပြီး “ပဋိပက္ခမှာ အီရန်ဟာ အပြစ်မဲ့တဲ့သားကောင်အဖြစ် ပါဝင်ခဲ့ပါတယ်”ဟု ဆက်လက်ဖော်ပြခဲ့သည်။

ရန်လိုသော ပြောဆိုမှုများကို လုပ်ဆောင်သည့်အတွက် ထရန့်ကို ကြိမ်းမောင်းခြင်းဖြင့် အီရန်ကတုံ့ပြန်ခဲ့ပြီး အီရန်က လုံခြုံရေးကောင်စီထံပေးစာတွင် ထရန့်သည် ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်သည်ဟု စွပ် စွဲထားသည်။ အီရန်၏ပေးစာကို အေအက်ဖ်ပီသတင်းဌာနက တွေ့ခဲ့ရသည်ဟု ဆိုသည်။

ထရန့်နှင့် အခြားအကြီးတန်းအမေရိကန်တာဝန်ရှိသူတို့သည် ယီမင်ကို အမေရိကန်၏ကျူးကျော်မှုများနှင့် စစ်ရာဇဝတ်မှုများကျူးလွန်ရာတွင် တရားမဝင်နည်းလမ်းဖြင့် တရားမျှတမှုကို ရှာဖွေနေကြသည်ဟု ယင်း ပေးစာတွင် အီရန်၏ကုလသမဂ္ဂသံတမန် အေမာဆာအက်အီရာဗာနီက ရေးသားခဲ့သည်။

ဟူရ်သီ၏ တိုက်ခိုက်ရေးစွမ်းရည်များ ကျဆင်းသွားစေရန် ဆက်လက်တိုက်ခိုက်မည်ဟု ပင်တဂွန်က ပြောသည်။ 

Ref: AFP

Most Read

Most Recent