■ အမေရိကန် အဆိုပြုသော ရက် ၃၀ အပစ်အခတ် ရပ်စဲရေးကို ယူကရိန်းက ထောက်ခံ

■ အမေရိကန် အဆိုပြုသော ရက် ၃၀ အပစ်အခတ် ရပ်စဲရေးကို ယူကရိန်းက ထောက်ခံ
Published 12 March 2025

အမေရိကန် အဆိုပြုသော ရက် ၃၀ အပစ်အခတ် ရပ်စဲရေးကို ယူကရိန်းက ထောက်ခံ

 

ရပ်ဆိုင်းထားသော ယူကရိန်း အတွက် စစ်ရေးအကူအညီများကို အမေရိကန်က ချက်ချင်း ပြန်ပေးမည်

 

ဆော်ဒီအာရေးဘီးယားနိုင်ငံ ဂျက်ဒါးမြို့ မတ်လ ၁၁ ရက် ဆွေးနွေးပွဲတွင် ယူကရိန်းက ရက် ၃၀ အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန် ၏  အဆိုပြုချက်ကို ထောက်ခံလိုက်ပြီး ရုရှားနှင့်ချက်ချင်း ဆွေးနွေးရန် သဘောတူခဲ့သည်။

ယူကရိန်းဘက်က အပြုသဘောဆောင်သော တုံ့ပြန်ချက်ကြောင့် သမ္မတဒေါ်နယ် ထရန့်၏အစိုးရအဖွဲ့က စစ်ရေးအကူအညီ ရပ်ဆိုင်းထားခြင်းကို ချက်ချင်း ဖွင့်ပေးလိုက် ပြီး ယူကရိန်းပဋိပက္ခပြီးဆုံးစေရန် အစပျိုးမှုကို ချက်ချင်းခန့်မှန်း၍ရသည့် အနေအထား ဖြစ်လာစေသည်။

ယူကရိန်းကို ပြင်းပြင်းထန်ထန် ဖိအားပေးခြင်းအား အသုံးပြုခဲ့ပြီး မော်စကိုနှင့်ပြန် လည်ဆက်ဆံရန် ဆောင်ရွက်ခြင်းဖြင့် ထရန့်က မဟာမိတ်နိုင်ငံများကို အံ့အားသင့်စေခြင်း နှင့်အတူ ယူကရိန်းတာဝန်ရှိသူများသည် လေကြောင်းနှင့်ရေကြောင်း တိုက်ခိုက်မှုများ နှင့်ပတ်သက်၍ တစ်စိတ်တစ်ပိုင်း အပစ်အ ခတ်ရပ်စဲရေးကို ဆောင်ရွက်ရန်နှင့် အဆိုပြုရန် ဆော်ဒီဆွေးနွေးပွဲကို ရောက်ရှိလာခဲ့ သည်။

ထရန့်၏အကြံပေးများက ဖိအားပိုပေးခဲ့ပြီး တစ်လကြာ အပစ်ရပ်ရေးအတွက် မိမိ တို့၏အဆိုပြုချက်ကို ယူကရိန်းက သဘောတူညီခဲ့သည်ဟု ပြောကြားခဲ့သည်။

“ယူကရိန်းသားတွေ လက်ခံလိုက်တဲ့ အဆိုပြုချက်ကို ဒီနေ့မှာ ကျွန်တော်တို့ ကမ်း လှမ်းခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲပြီး ချက်ချင်း ဆွေးနွေးတာတွေလုပ်ဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်” ဟု ဂျက်ဒါးမြို့က ဟိုတယ်၌ ကိုးနာရီကြာ ဆွေးနွေးပွဲအပြီးတွင် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ရုရှားသားတွေထံ ဒီကမ်းလှမ်းချက်ကို အခု ပြုလုပ်သွားမှာဖြစ်ပါ တယ်။ သူတို့က ငြိမ်းချမ်းရေးအတွက် အ ဆင်ပြေကြောင်း ပြောမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဘောလုံးဟာ အခု သူတို့ရဲ့ကွင်းဘက်အခြမ်းကို ရောက်နေပါ ပြီ” ဟု ရူဘီယိုက ပြောကြားခဲ့သည်။

 

“သူတို့ဘက်က သဘောမတူဘူးလို့ ပြောလာမယ်ဆိုရင်တော့ ဒီပဋိပက္ခမှာ ငြိမ်း ချမ်းရေးအတွက် အတားအဆီးဟာ ဘာဆို တာကို ကျွန်တော်တို့ ကံမကောင်းစွာဘဲသိ ကြရပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို ဖိအားပေးသည့်အနေဖြင့် ရပ်ဆိုင်းထား သော စစ်ရေးအကူအညီကို ပြန်ပေးမည်ဖြစ် ကာ ထောက်လှမ်းရေးသတင်းပေးခြင်းကို ရပ်ဆိုင်ထားခြင်းအား ပြန်ဖွင့်ပေးမည်ဟု ရူဘီယိုက ပြောကြားခဲ့သည်။

ထရန့်က ၎င်းသည် ဇယ်လန်းစကီးကို အိမ်ဖြူတော်က ပြန်လည်ကြိုဆိုရန် အဆင် သင့်ဟု ၀ါရှင်တန်တွင် ပြောကြားခဲ့ပြီး ယခု သီတင်းပတ်ထဲတွင် သမ္မတဗလာဒီမာပူတင် ကို စကားပြောဖွယ်ရှိသည်ဟု ပြောကြားခဲ့ သည်။

ဂျက်ဒါး၌ ရရှိခဲ့သည့် အပြုသဘော ဆောင်သော အပစ်အခတ်ရပ်စဲရေးအဆိုပြု ချက်နှင့်စပ်လျဉ်း၍ ဇယ်လန်းစကီးက ထရန့်ကို လျင်မြန်စွာ ကျေးဇူးတင်စကားပြောကြားလိုက်ပြီး ယခုအခါ အမေရိကန်သည် ရုရှားကို နားချရန် ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

        ယူကရိန်း၏ဆန္ဒမှာ ငြိမ်းချမ်းရေးဖြစ်  သည်မှာထင်ရှားကြောင်း ဇယ်လန်းစကီး၏ လက်ထောက် အင်ဒရေယာမက်က ပြော ကြားခဲ့ပြီး ငြိမ်းချမ်းရေး အလိုရှိ မရှိဆိုသည်ကို ရုရှားကရှင်းရှင်း လင်းလင်း ပြောရန်လိုအပ် နေသည်ဟု ဆိုသည်။



Most Read

Most Recent