
ဗီယက်နမ်နိုင်ငံတွင် ၂၀၂၃ ခုနှစ်က လူ ၅၆ ဦး သေဆုံးခဲ့သော ဟနွိုင်းတိုက်ခန်းတစ် ခန်းမီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မတ် ၁၄ ရက်တွင် တရားရုံးတစ်ရုံးက လူ ၈ ဦးကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ယင်းအဆောက်အအုံတွင် ထွက်ပေါက် တစ်ပေါက်တည်းသာရှိပြီး အပြင်ဘက်တွင် အရေးပေါ်လှေကားလည်း မရှိသောကြောင့့် အိမ်နီးချင်းများ၏ ပြောပြချက်အရ အဆောက်အအုံအတွင်း ပိတ်မိနေသူများ၏ အော်ဟစ်သံများကို ကြားခဲ့ရပြီး လူများသည် ပြတင်းတံခါးများကို ချိုးဖောက်ပြီး ထွက်ပြေးရန် ရုန်းကန်ခဲ့ရ သည်ဟု ဆိုသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော ယင်းမီးလောင်မှု ဖြစ်စဉ်နှင့်ဆက်နွှယ်ပြီး ကိုးထပ်အဆောက်အအုံ ပိုင်ရှင်သည် ပြင်းထန်သော ပြစ်ဒဏ်နှင့်ထိုက်တန်ကြောင်း ပြောကြားခဲ့ကာ ထောင်ဒဏ်၁၂ နှစ် ချမှတ်ခဲ့သည်။ ဒေသခံတာဝန်ရှိသူ အများအပြားကိုလည်း တိုက်ပိုင်ရှင်၏ အမှားအယွင်းအား ထောက်ပြပြောဆိုခြင်း မရှိသောကြောင့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည့်အတွက် ထောင်ဒဏ်လပေါင်း ၃၀ မှ ခုနစ်နှစ်အထိ အသီးသီးချမှတ်ခဲ့သည်။ တိုက်ပိုင်ရှင် အန်ဟီရန်ကွမ်မင်း၏ လုပ်ရပ်သည် အလွန်အန္တရာယ်များသည်ဟု တရားရုံးက ထုတ်ပြန်ခဲ့သည်။
Ref:AFP