■ အမြင့်ဆုံးမှတ်တိုင်ရောက် မဟူရာငှက်ကျား

■ အမြင့်ဆုံးမှတ်တိုင်ရောက် မဟူရာငှက်ကျား
Photo: Getty Images
Photo: Getty Images
Published 10 January 2025
Hein Maung Maung

ဒီရာသီမှာ အီဆက်ခ်က နယူးကာဆယ်အသင်းကို ပြန်လည်အသက်သွင်းပေးခဲ့သူပါ။ ဒီဇင်ဘာလကတည်းက ပရီးမီးယားလိဂ်ဂိုး ကိုးဂိုးအထိ သွင်းယူထားပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲထဲ ပြန်လည်ခေါ်ဆောင်လာခဲ့တယ်။ အစောပိုင်းက နယူးကာဆယ်တိုက်စစ် စွမ်းဆောင်ရည်ဟာ မေးခွန်းထုတ်စရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ ပြိုင်ပွဲစုံ ခုနစ်ပွဲဆက်တိုက် အနိုင်ကစားပြီးချိန်မှာ အားလုံးရဲ့စောင့်ကြည့်ခံအသင်းတစ်သင်း ဖြစ်လာတယ်။ ဒီအခြေအနေမှာ ဆွီဒင်လက်ရွေးစင်အသင်းတိုက်စစ်မှူးအီဆက်ခ်ရဲ့သွင်းဂိုးတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်။ အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူးက Tyneside ဒေသခံအသင်းအတွက် မျှော်လင့်ချက်လည်း ဖြစ်လာတယ်။ နယူးကာဆယ်ရဲ့နိုင်ပွဲဆက် ဖြတ်သန်းမှုမှာ အက်စတွန်ဗီလာ၊ မန်ယူနိုက်တက်၊ စပါးနဲ့ အာဆင်နယ်အသင်းတွေ ဖြစ်ခဲ့လို့ အသိအမှတ်ပြုစရာ ဖြစ်ခဲ့တယ်။

 

Most Read

Most Recent