မလေးရှားနိုင်ငံက မြန်မာအလုပ်သမားများအတွက် အလုပ်ခေါ်စာများ ချထားပေးရန် ယခုနှစ်ကုန်ပိုင်းအထိ မသေချာသေး

မလေးရှားနိုင်ငံက မြန်မာအလုပ်သမားများအတွက် အလုပ်ခေါ်စာများ ချထားပေးရန် ယခုနှစ်ကုန်ပိုင်းအထိ မသေချာသေး
Published 10 September 2024

မလေးရှားနိုင်ငံက မြန်မာအလုပ်သမားများအတွက် အလုပ်ခေါ်စာ calling များ ချထားပေးရန် ယခုနှစ်ကုန်ပိုင်းအထိ မသေချာသေးကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF မှ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြော ကြားသည်။

“calling က ဘယ်တော့လောက်ပြန်လာမလဲဆိုတော့ အခုလောလောဆယ်က မပေးသေးဘူး။ ဒီနှစ်ကုန်အထိကတော့ အတိအကျ  confirm မရသေးပါဘူး။ ဒါပေမဲ့ မလေးရှား အရှေ့ပိုင်းကတော့ ခေါ်နေ တယ်။ မလေးရှားအရှေ့ပိုင်း ဆာရာဝပ်ဘက် ကနေ calling ချပေးနေတယ်” ဟု ဦးမျိုးသန့်က  ပြောကြားသည်။

ယခုနှစ် ဇွန် ၁ ရက်က စတင်ပြီး မလေး ရှားအစိုးရက မြန်မာအပါအဝင် နိုင်ငံ ၁၅ ခုမှ အလုပ်သမားများကို ခေါ်ယူခွင့် ပိတ်ပင်ထား ခဲ့သည်။

မလေးရှားပြည်ထဲရေးဝန်ကြီး ဆာအီ ဖူဒင်နက်ဆူရှင် အစ္စမေးလ်က ဇွန် ၁ ရက်မှ စပြီး မလေးရှားအစိုးရသည် လက်ရှိ လုပ်သား အင်အား ကန့်သတ်ပမာဏအောက်တွင် ပြည်ပလုပ်သားများကို ဝင်ခွင့်ပြုတော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်ဟု နြတ ှအမငေအျ ွှငာနျ  သတင်းတွင် ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံ၌ အလုပ်သွားရောက် လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သား အများ စုသည် စက်ရုံ၊ အလုပ်ရုံများနှင့် စားသောက် ဆိုင်၊ စတိုးဆိုင်များတွင် လုပ်ကိုင်လျက်ရှိ ကြောင်း မလေးရှားရောက် မြန်မာလုပ်သား များထံမှ သိရသည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာ နိုင်ငံမှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူအစရှိသည့် နိုင်ငံများသို့ သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာ လုပ်သား များပြားလာခဲ့သည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အေဂျင်စီအစီအစဉ်ဖြင့်လည်း ကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/ PR ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁၁၃၂၀၃၁ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၅၂၅၅   ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၆၃၈၇ ဦး၊ ဂျပန်နိုင်ငံ သို့ ၆၄၇၂၀ ဦး၊ မလေးရှားနိုင်ငံသို့ ၃၉၀၇၇၇ ဦး အပါအဝင် ပြည်ပနိုင်ငံ ၉၄ နိုင်ငံသို့ သွား ရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၁၇ သိန်းကျော်ကို OWIC ကတ် ပြုလုပ်ခွင့်ပြု ၍စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။

 

Most Read

Most Recent