■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်
Photo: Gettyimages
Photo: Gettyimages
Published 10 September 2024

♦ ကိုလံဘီယာ - အာဂျင်တီးနား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၃:၀၀ နာရီ)

ကိုလံဘီယာနဲ့ အာဂျင်တီးနားတို့က ကိုပါအမေရိကဗိုလ်လုပွဲ မကျေပွဲပြန်နွှဲရမယ်။ အံ့အားသင့်စရာကောင်းတာကတော့ ကိုလံဘီယာက တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းဖြစ်ပြီး ခြေစစ်ပွဲ အိမ်ကွင်း  (၃)ပွဲမှာလည်း (၂)ပွဲနိုင်၊ (၁)ပွဲသရေ ကစားထားတယ်။ ဘရာဇီးလ်အသင်းကို အနိုင်ကစားထားပြီး ဥရုဂွေးအသင်းကိုလည်း နာကျင်အချိန်ပိုရောက်မှ ပယ်နယ်တီချေပဂိုး ပေးခဲ့ရတာဖြစ်တယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အာဂျင်တီးနားအသင်း အပြတ်အသတ် အသာရထားတယ်ဆိုပေမဲ့ နောက်ပိုင်းရင်ဆိုင်ရ မှုတွေမှာ ဂိုးမပြတ်တော့တာ တွေ့ရတယ်။ အာဂျင်တီးနားအသင်း လက်ရှိအခြေအနေအရ အမှတ်လျော့ခံလို့ရတဲ့ အနေအထားကို ထည့်တွက်ရမယ်။ ကိုလံဘီယာအသင်း ရှုံးဖို့တော့ မရှိပါဘူး။

♦ ဗင်နီဇွဲလား - ဥရုဂွေး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၄:၃၀ နာရီ)

ဆွာရက်ဇ်က နားသွားပြီး ဒါဝင်နူးနက်ဇ်ကလည်း မပါဝင်လို့ နည်းပြ ဘီယဲလ်ဆာတစ်ယောက် အထောင်တိုက်စစ်မှာ ဘယ်သူ့ကို False Nine ပုံစံထားကစားမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူပဲကစားကစား ဥရုဂွေးအသင်းတိုက်စစ်ကတော့ ပုံမှန်ထက် အားနည်းသွားမှာ သေချာနေပါတယ်။ ဗင်နီဇွဲလားအသင်း နောက်ဆုံးပွဲမှာ ဘိုလစ်ဗီးယားအသင်းကို မထင်မှတ်ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ပေမဲ့ အိမ်ကွင်းမာတဲ့ စာရင်းထဲ ပါပါတယ်။ ခြေစစ်ပွဲအိမ်ကွင်း (၃)ပွဲကစားထားရာမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ဘူး။ ဗင်နီဇွဲလား အမှတ်ရမယ်ထင်တယ်။

♦ ပါရာဂွေး - ဘရာဇီးလ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၇:၀၀ နာရီ)

ဘရာဇီးလ်အသင်း အီကွေဒေါကို ခက်ခက်ခဲခဲ ကစားပြီးမှ နိုင်ပွဲပြန်ရထားတယ်။ ဘရာဇီးလ်ရဲဲ့ပြဿနာက ကွင်းလယ်ပိုင်း ဖြစ်နေပြီး တိုက်စစ်ကို ပံ့ပိုးနိုင်မှု အတော်လေးအားနည်းတယ်။ ဘရာဇီးလ်ကွင်းလယ်အရှိန်အဝါကလည်း လက်ရွေးစင် ထိပ်တန်းအသင်းတွေကြားမှာ နောက်ဆုံးနားရောက်နေတယ်။ အီကွေဒေါနဲ့ပွဲလူစာရင်းကို ဘရာဇီးလ်အသင်းနည်းပြ ဒေါ်ရီဗယ်ဂျူနီယာ အပြောင်းအလဲ သိပ်လုပ်မယ်ထင်ပါဘူး။ ပါရာဂွေးအသင်းကတော့ ဥရုဂွေးကို အဝေးကွင်းမှာ သရေကစားခဲ့ပေမဲ့ သိပ်မျှော်လင့်လို့ မရပါဘူး။ ကိုပါအမေရိကတုန်းက ဂိုးပြတ်နိုင်ထားတဲ့ ဘရာဇီးလ်ပဲ နိုင်ဖို့များတယ်။

♦ အီကွေဒေါ - ပီရူး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၃:၃၀ နာရီ)

ဘရာဇီးလ်လိုအသင်းကိုတောင် အဝေးကွင်းမှာ အီကွေဒေါအသင်းက အထိုက်အလျောက် ဒုက္ခပေးခဲ့တယ်။ အီကွေဒေါအသင်း ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

♦ ချီလီ - ဘိုလစ်ဗီးယား(မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၁ ရက် နံနက် ၃:၃၀ နာရီ)

ပွဲစဉ်-၇ အပြီးမှာ ဘိုလစ်ဗီးယားနဲ့ ချီလီက အမှတ်ပေးဇယား အထက်အောက် အပြောင်းအလဲ ဖြစ်ထားတယ်။ ချီလီ အနိုင်ရဖို့များပေမဲ့ ဂိုးတော့မပြတ်လောက်ဘူး။

Most Read

Most Recent