ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ ပုံဖော်ခဲ့သော ဂျပန်-တောင်ကိုရီးယား ခေတ်သစ်ဆက်ဆံရေး

ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ ပုံဖော်ခဲ့သော ဂျပန်-တောင်ကိုရီးယား ခေတ်သစ်ဆက်ဆံရေး
Photo: AFP
Photo: AFP
Published 10 September 2024
မိုးသောက်ကြယ်

ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒသည် ရာထူးမှအနားမယူမီ တစ်လနီးပါးအလို၌ တောင်ကိုရီးယားသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ စစ်အတွင်းက ဂျပန်တို့၏ သိမ်းပိုက် အုပ်ချုပ်မှုအတွင်း ထိခိုက်ခံစားခဲ့ရသည့် ကိုရီးယားလူမျိုးများအတွက် စာနာထောက်ထား ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ စက်တင်ဘာ ၆ ရက်က ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် နွေးထွေးလာသော နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

၁၉၁၀ မှ ၁၉၄၅ ခုနှစ်အထိ ကိုရီးယား ကျွန်းဆွယ်ကို ရက်စက်ကြမ်းကြုတ်စွာ သိမ်း ပိုက်အုပ်ချုပ်ခဲ့ခြင်းကို အကြောင်းပြု၍ နှစ်နိုင် ငံဆက်ဆံရေး ဆိုးရွားနေမှုကို ပြန်လည်ကုစား ရန် ကိရှိဒနှင့် တောင်ကိုရီးယားသမ္မတ ယွန်း ဆော့ယိုတို့သည် ယမန်နှစ် အစောပိုင်းက တည်းက အတူတကွကြိုးပမ်းခဲ့သည်။ ထို့အတွက်ကြောင့် နှစ်နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေးမှုများကို ပြန်လည်စတင်နိုင်ခဲ့ပြီး ကိုလိုနီခေတ်က ကိုရီးယားလူမျိုးများ ဂျပန် ကုမ္ပဏီများအတွက် အဓမ္မအလုပ်စေခိုင်းခံခဲ့ရသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ အငြင်းပွား မှုကြောင့် အပြန်အလှန် ချမှတ်ထားသော စီး ပွားရေးအရ ကန့်သတ်ပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းခဲ့သည်။  

          သို့သော် ကိရှိဒ ရာထူးမှအနားယူသွား ပြီးနောက်ပိုင်းတွင် စိန်ခေါ်မှုများက ကြိုလင့် နေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

          “ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေကို ကျော်လွှားခဲ့တဲ့ ကျွန်တော်တို့ဘိုးဘေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်ထိန်း သိမ်းဖို့နဲ့ အနာဂတ်ကာလအတွက် တောင် ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီး ပါတယ်” ဟု ယွန်းနှင့်တွေ့ဆုံချိန်တွင် ကိရှိဒ က ပြောကြားခဲ့သည်။

          အဓမ္မအလုပ်စေခိုင်းခံရသူများ၏ အတိ ဒုက္ခများအတွက် အကြီးအကျယ် ထိခိုက်ခံစား ရကြောင်းလည်း ကိရှိဒက ၎င်းင်း၏ခရီးစဉ်အ တွင်း ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ယမန်နှစ်က လည်း ကိရှိဒသည် အလားတူ မှတ်ချက်စကား ပြောကြားခဲ့သော်လည်း နှစ်ကြိမ်စလုံးတွင် ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့က ကိုလို နီပြုသိမ်းပိုက်ခဲ့မှုနှင့် ပတ်သက်၍ တိုက်ရိုက် တောင်းပန်ခြင်းကို ရှောင်ရှားခဲ့သည်။

          နှစ်နိုင်ငံအကြား ခက်ခဲသော ကိစ္စရပ် များ ရှိနေသေးသော်လည်း နှစ်နိုင်ငံစလုံးက ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဆက် လက်ကြိုးပမ်းသွားမည်ဟု မိမိအနေဖြင့် မျှော် လင့်ကြောင်း ယွန်းက ပြောကြားခဲ့သည်။

          အာရှဒေသတွင် အမေရိကန်၏ အဓိက မဟာမိတ်များဖြစ်သော တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ကမ္ဘာ့စူပါပါ၀ါ နှစ်နိုင်ငံဖြစ် သော အမေရိကန်နှင့် တရုတ်အကြား မဟာ ဗျူဟာအားပြိုင်မှု အရှိန်မြင့်တက်လာခြင်း၊ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အင်အား ကြီးထွားလာခြင်းနှင့် ကုန်စည် ထောက်ပံ့ဖြန့်ဖြူးမှုကွင်းဆက် ပြဿနာကဲ့သို့ သော တူညီသည့်စိန်ခေါ်မှုကြီးများကို ရင် ဆိုင်ရလျက်ရှိသည်။

          ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်၏ သြဇာကြီးထွားလာမှုနှင့် မြောက် ကိုရီးယား၏ နျူကလီးယား အန္တရာယ်တို့ကို တန်ပြန်ရန် ဒေသတွင်း မဟာမိတ်ဆက်ဆံရေး အဆင့်မြှင့်တင်လျက်ရှိသော အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုများအတွက်လည်း အ လွန်အရေးပါနေသည်။

          ဂျပန်နှင့် တောင်ကိုရီးယားတို့အကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် မုချလိုအပ်ကြောင်း ကိရှိဒက ပြောကြားခဲ့ သည်။ ယွန်းကလည်း တောင်ကိုရီးယား-အမေရိကန်-ဂျပန် သုံးနိုင်ငံ မိတ်ဖက်ဆက် ဆံရေး ခိုင်မာအောင်လုပ်ဆောင်ရာတွင် နှစ် နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အပြု သဘောဆောင်သည့် အရှိန်အဟုန်ကို လို အပ်လျက်ရှိသည်ဟု ဆိုသည်။

          ယွန်းနှင့် ကိရှိဒတို့၏ ၁၂ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ထူးထူးခြားခြား ကြေညာချက်ထုတ်ပြန်မှုမျိုး မရှိခဲ့သော်လည်း တတိယနိုင်ငံများတွင် နေထိုင်လျက်ရှိသည့် ၎င်းင်းတို့နိုင်ငံသားများကို အပြန်အလှန် ကာ ကွယ်စောင့်ရှောက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့သည်။

          နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်း မွန်မှုဖြင့် ၎င်းင်း၏ရာထူးသက်တမ်းကို အဆုံး သတ်နိုင်ရန်အတွက် တောင်ကိုရီးယားသမ္မတ နှင့် တွေ့ဆုံရန် မျှော်လင့်နေသည်ဟု ကိရှိဒ က အားတက်သရော ပြောဆိုခဲ့ပြီးနောက်တွင် ၎င်းင်း၏ နှစ်ရက်ကြာ တောင်ကိုရီးယားခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တောင်ကိုရီး ယားအစိုးရ တာဝန်ရှိသူများက ဆိုသည်။ ကိ ရှိဒသည် ဂျပန်နှင့် အိမ်နီးချင်းနိုင်ငံများအ ကြား လုံခြုံရေးနှင့် သံတမန်ရေးရာ မိတ်ဖက် ဆက်ဆံမှုများကို တိုးမြှင့်ဖော်ဆောင်နိုင်သူ အဖြစ် ချီးကျူးခံရသော်လည်း ၎င်းင်း၏ အာဏာ ရပါတီတွင်း နိုင်ငံရေး အရှုပ်တော်ပုံများ ကြောင့် လူထုထောက်ခံမှု ကျဆင်းလျက်ရှိ သည်။

          ကိရှိဒ၏ တောင်ကိုရီးယား ခရီးစဉ်အ တွင်း တောင်ကိုရီးယား ပြည်သူအချို့၏ ခါး ခါးသီးသီး တုံ့ပြန်မှုနှင့် ကြုံတွေ့ရဆဲဖြစ်ကာ ၎င်းတို့က ယွန်း၏အစိုးရသည် ဂျပန်တို့၏ ကိုလိုနီအုပ်ချုပ်မှုအတွင်း ရက်စက်ကြမ်း ကြုတ်မှုများကို မှိန်ပစ်နေပြီး တစ်ဖက်တွင် ဂျပန်ကို ချော့မော့ရန်ကြိုးပမ်းနေသည်ဟု ဝေဖန်ခဲ့သည်။ စစ်အတွင်းက အဓမ္မအလုပ် စေခိုင်းခံရသည့် ကိုရီးယားလူမျိုးများအတွက် ဂျပန်၏ အထောက်အပံ့မပါဘဲ ရန်ပုံငွေထူ ထောင်မှုနှင့် ပတ်သက်၍လည်း ယွန်းသည် ပြည်တွင်း၌ ပြိုင်ဘက်လစ်ဘရယ်ဝါဒီများ၏ အကြီးအကျယ်ဝေဖန်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

စက်တင်ဘာ ၆ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်ရှိ ရေတပ်စစ်သူကြီးချုပ် လီ ဆွန်းရှင်း၏ ရုပ်တုရှေ့တွင် စုဝေးဆန္ဒပြမှု ဖြစ်ပွားခဲ့ကာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ သည်။ လီဆွန်းရှင်းသည် ဂျပန်တို့၏ ကျူး ကျော်မှုကို တွန်းလှန်ရာတွင် ၎င်းင်း၏စွမ်း ဆောင်ရည်များအတွက် ချီးကျူးဂုဏ်ပြုခံရ သော ၁၆ ရာစု၏ သူရဲကောင်းတစ်ဦး ဖြစ် သည်။ ဆန္ဒပြသူများက ဂျပန်ဆန့်ကျင်ရေး ဆောင်ပုဒ်များကို ကြွေးကြော်ကာ သမ္မတ ယွန်းအား သစ္စာဖောက်အဖြစ် ပုံဖော်ထား သည့် လက်ကိုင်စာတန်းများကို ကိုင်ဆောင်ခဲ့ သည်။ ၎င်းင်းရုပ်တုပေါ်သို့ တွယ်တက်ရန် ကြိုး ပမ်းခဲ့သည့် ဆန္ဒပြသူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

          “သမ္မတယွန်းဟာ အမှန်တကယ်ပဲ တောင်ကိုရီးယားသမ္မတ ဖြစ်တယ်ဆိုရင် ဒီ ခရီးစဉ်ကို ကိရှိဒရဲ့ အောင်မြင်မှုတွေကို ဂုဏ် ဖော်ပေးတဲ့ အခိုက်အတံ့ဖြစ်လာဖို့ ခွင့်မပြု သင့်ပါဘူး” ဟု အဓိကအတိုက်အခံပါတီဖြစ် သည့် လစ်ဘရယ်ဝါဒီ ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဟန်မင်ဆူးက ပြောကြား ခဲ့သည်။ “ဂျပန်ကို ကျိုးနွံခယတဲ့ သံတမန်နည်း လမ်းနဲ့ အမျိုးသားအကျိုးစီးပွား ပျက်ပြား အောင်လုပ်နေတဲ့ ယွန်းဆော့ယို အစိုးရကို ပြည်သူတွေက သည်းခံကြတော့မှာ မဟုတ်ပါ ဘူး” ဟုလည်း ၎င်းင်းက ဆိုသည်။

          ကိရှိဒက ၎င်းင်းအနေဖြင့် နောက်သက် တမ်းအတွက် ရွေးကောက်ခံတော့မည် မဟုတ်ဟု ကြေညာခဲ့ခြင်းဖြင့် ၎င်းင်း၏အာ ဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအား လာမည့် စက်တင်ဘာ ၂၇ ရက် ပါတီခေါင်း ဆောင်ရွေးချယ်ပွဲတွင် စံနှုန်းအသစ်ကို ဖော် ဆောင်ပေးမည့် ခေါင်းဆောင်သစ်အား ရွေး ချယ်နိုင်စေရန် လမ်းဖွင့်ပေးခဲ့သည်။ ထိုရွေး ချယ်ပွဲတွင် အနိုင်ရရှိသူသည် ပါတီခေါင်း ဆောင်အဖြစ်သာမက ဝန်ကြီးချုပ်အဖြစ် လည်း ကိရှိဒ၏ အရိုက်အရာကို ဆက်ခံမည် ဖြစ်သည်။

          ပါတီခေါင်းဆောင်ဖြစ်လာရန် ထိပ်ဆုံး မှဦးဆောင်နေသော ကိုယ်စားလှယ်လောင်း များအနက် ဂျပန်၏ အငြင်းပွားဖွယ် ယာဆု ခုနိ ဗိမာန်သို့ မကြာခဏ သွားရောက်လေ့ရှိ သည့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဟောင်း ရှင်ဂျိရို ကိုအိဇုမိလည်း ပါဝင်လျက်ရှိသည်။ ယာဆုခုနိ ဗိမာန်၌ ဂျပန်၏ အတိတ်က ရက် စက်ကြမ်းကြုတ်သော စစ်ဝါဒီ၏ အမှတ် သညာအဖြစ် အိမ်နီးချင်းနိုင်ငံများက ရှုမြင် သော စစ်ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ များ အပါအဝင် စစ်အတွင်းက သေဆုံးသူ ၂ ဒသမ ၅ သန်းခန့်အား အောက်မေ့ဂုဏ်ပြုထား သည်။

          “ရှင်ဂျိနိရို ကိုအိဇုမိသာ အနိုင်ရသွား မယ်ဆိုရင် သူဟာ တောင်ကိုရီးယား အပါ အဝင် ကိရှိဒရဲ့ ပြည်ပရေးရာ မဟာဗျူဟာ မူဝါဒတွေကို ဆက်ပြီးကျင့်သုံးဖွယ်ရှိပါတယ်။ ဒါပေမဲ့ သူ ယာဆုခုနိ ဗိမာန်ကို ဆက်ပြီးသွား မသွားဆိုတာက အဓိကကိစ္စရပ်တစ်ခု ဖြစ် လာပါလိမ့်မယ်” ဟု ဆိုးလ်အခြေစိုက် အာရှ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု၏ ဂျပန်နိုင်ငံအရေးကျွမ်းကျင်သူ ချွဲအွန်းမီက ဆိုသည်။

          “တောင်ကိုရီးယားကရော ဂျပန်ဝန်ကြီး ချုပ်သစ် ယာဆုခုနိ ဗိမာန်ဆီသွားတာကို လက်ခံနိုင်ပါ့မလား” ဟုလည်း ၎င်းင်းက မေး ခွန်းထုတ်ခဲ့သည်။

          ကိရှိဒသည် ဝန်ကြီးချုပ်အဖြစ် တာဝန် ယူစဉ်ကာလအတွင်း အဆိုပါဗိမာန်သို့ လူ ကိုယ်တိုင် သွားရောက်ဂါရဝပြုခြင်းကို ရှောင် ကြဉ်ခဲ့ပြီး ထုံးတမ်းအစဉ်အလာအရ ဂါရဝပြု ပစ္စည်းများကိုသာ ပေးပို့ခဲ့သည်။

          ဂျပန်အာဏာရပါတီ ခေါင်းဆောင် နေရာအတွက် နောက်ထပ်ယှဉ်ပြိုင်သူ တစ်ဦး ဖြစ်ကာ ဂျပန်၏ စစ်ရေးရည်မှန်းချက်များ အပေါ် လေးလေးနက်နက် မှတ်ချက်ပြုပြော ဆိုထားသည့် ကာကွယ်ရေးဝန်ကြီးဟောင်း ရှိဂဲရု အိရှိဘ အာဏာရလာလျှင်လည်း တောင်ကိုရီးယားနှင့် ဆက်ဆံရေးကို ရှုပ်ထွေး စေဖွယ်ရှိကြောင်း ချွဲက သုံးသပ်ခဲ့သည်။ 

          ရေရှည်အတွက် မျှော်တွေးကြည့်မည် ဆိုလျှင် ၂၀၂၇ ခုနှစ်၌ သမ္မတယွန်း၏ ငါး နှစ်သက်တမ်း ပြီးဆုံးပြီးနောက် တောင်ကိုရီး ယားတွင် လစ်ဘရယ်ဝါဒီများ တစ်ကျော့ပြန် အာဏာရလာမည်ဆိုလျှင် တောင်ကိုရီးယား-ဂျပန် ဆက်ဆံရေးသည် ပိုမိုကျယ်ပြန့်သော အပြောင်းအလဲများနှင့် ကြုံတွေ့ရဖွယ်ရှိပေ သည်။

Ref: AFP

Most Read

Most Recent