ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘောခြောက်စီး အသင့်စောင့်ဆိုင်းလျက်ရှိပြီး သီလဝါ ဆိပ်ကမ်းဒေသရှိ Jetty များတွင် သင်္ဘော(၄)စီးရောက်ရှိဆိုက်ကပ်၍ ဓာတ်ဆီ/ဒီဇယ်ဆီများအား သိုလှောင်ကန်များတွင် ချယူဖြည့်တင်း လျက်ရှိဟုဆို

ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘောခြောက်စီး အသင့်စောင့်ဆိုင်းလျက်ရှိပြီး သီလဝါ ဆိပ်ကမ်းဒေသရှိ Jetty များတွင် သင်္ဘော(၄)စီးရောက်ရှိဆိုက်ကပ်၍ ဓာတ်ဆီ/ဒီဇယ်ဆီများအား သိုလှောင်ကန်များတွင် ချယူဖြည့်တင်း လျက်ရှိဟုဆို
Published 24 August 2024

စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ် ဝင်ရောက်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘောခြောက်စီး အသင့်စောင့်ဆိုင်းလျက်ရှိသည့်အပြင် သီလဝါ ဆိပ်ကမ်းဒေသရှိ Jetty များတွင် သင်္ဘောလေးစီးရောက်ရှိဆိုက်ကပ်၍ ဒီဇယ်ဆီ တန်(၇၀ဝဝဝ) ကျော်နှင့် ဓာတ်ဆီ တန်(၁၁ဝဝဝ)ကျော်အား သိုလှောင်ကန်များတွင် ချယူဖြည့်တင်း လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေအရ ဖူလုံစွာဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများအား Shipment Plan အစီအစဉ်အတိုင်း အဆက်မပြတ် ဝင်ရောက်နိုင်ရန် အတွက်စီမံဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၂ ရက်တွင် ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘောခြောက်စီးရောက်ရှိ အသင့်စောင့်ဆိုင်းလျက်ရှိသည့်အပြင် သီလဝါ ဆိပ်ကမ်း ဒေသရှိ Jetty များတွင်လည်း သင်္ဘောလေးစီးရောက်ရှိဆိုက်ကပ်၍ ဒီဇယ်ဆီ (၇၀ဝဝဝ) တန်ကျော်နှင့် ဓာတ်ဆီ (၁၁ဝဝဝ)တန်ကျော်အား သိုလှောင်ကန်များတွင် ချယူဖြည့်တင်းလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့အပြင် ထပ်မံဝင်ရောက်လာမည့် ဆီတင်သင်္ဘောများလည်း အစီအစဉ်တိုင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပို့ဆောင်မည့် ဆီတင်ယာဉ် Bowser များ အချိန်မီထွက်ခွာနိုင်ရေး သီလဝါသိုလှောင်ကန်စခန်းများရှိ ဆီဖြည့်တင်းပေးမှုများ အဆင်ပြေချောမွေ့စေရေး တို့ကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းခရီးအခြေအနေအရ စက်သုံးဆီများ သယ်ယူပို့ဆောင်မှု ပုံမှန်ထက်အနည်းငယ်နှောင့်နှေးကြန့်ကြာမှုကြောင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူမှုများဖြစ်ပေါ်ခြင်းအား လျော့နည်းသွားစေရန်နှင့် အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ (၁ဝဝ) ဆိုင်ခန့်၊ ရန်ကုန်တိုင်းဒေသကြီးရှိ(၂ဝဝ)ဆိုင်ခန့်၊ မန္တလေးတိုင်း ဒေသကြီးရှိ(၇၀၀)ဆိုင်ခန့်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ (၂၅ဝ)ဆိုင်ခန့်တို့အပါအဝင် နိုင်ငံအဝှမ်းအရောင်းဆိုင် (၃ဝဝဝ)ကျော်သို့ ဆီတင်ယာဉ် (၁ဝဝဝ)ကျော်အထိ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့အပြင် လိုအပ်သည့်အရောင်းဆိုင်များသို့ အရေးပေါ် Urgent နှင့် အထူး Special အစီအစဉ်တို့ဖြင့်လည်း ထပ်တိုးဖြန့်ဖြူးခဲ့ရာ သြဂုတ် ၂၃ ရက်အထိ ဓာတ်ဆီနှင့်ဒီဇယ်ဆီ စုစုပေါင်းဂါလန် (၃) သန်းခန့် ပိုမိုဖြန့်ဖြူးပေးခဲ့ကြောင်း၊ ဆီတင်ယာဉ်(Bowser)များ အရောင်းဆိုင်များသို့ အချိန်မီရောက်ရှိ ဖြည့်တင်းနိုင်မှုတို့ကြောင့် ယခုရက်ပိုင်းအတွင်း ယာဉ်တန်းစီဝယ်ယူမှုများ လျော့နည်း ကျဆင်းကာ ပုံမှန်ဝယ်ယူမှုအခြေအနေသို့ပြန်လည်ရောက်ရှိခဲ့ပြီး ဆက်လက်တိုးမြှင့်ဖြန့်ဖြူးပေးရန် စီစဉ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့အပြင် အရောင်းဆိုင်များတွင်ရောင်းချလျက်ရှိသည့် စက်သုံးဆီအမယ်လိုက် ဈေးနှုန်းများသည်လည်း ယမန်နေ့ထက် အသီးသီးလျော့နည်း ကျဆင်းလျက်ရှိကြောင်း နှင့် ပြည်ပမှစက်သုံးဆီများ အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ကောလဟလ များကြောင့် အများပြည်သူများ လိုအပ်သည်ထက်ပိုမို၍ ဝယ်ယူမှုများပြားသည့်အတွက် လိုအပ်သလောက်သာဝယ်ယူကြရန်နှင့် အရေးကြီးအသုံးများသည့်အရောင်းဆိုင်များသို့လည်း ပုံမှန်ဖြန့်ဖြူးမှုထက် ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။