မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက် အတ္ထရုံမြစ်ကမ်းတွင် အသက် (၉) နှစ်အရွယ် ယောက်ျားလေးတစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့

မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက် အတ္ထရုံမြစ်ကမ်းတွင် အသက် (၉) နှစ်အရွယ် ယောက်ျားလေးတစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့
Published 19 May 2026

မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက် အတ္ထရုံမြစ်ကမ်းတွင် အသက် (၉) နှစ်အရွယ် ယောက်ျားလေးတစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ယမန်နေ့ မေ (၁၈) ရက်နေ့ နံနက် (၁၁) နာရီအချိန် အဆိုပါ ငန်းတေးရပ်ကွက် အတ္ထရံမြစ်ကမ်းတွင် ကလေးများ ရေကူးကာဆော့ကစားနေကြကြောင်း၊ ထို့နောက် နွားကျောင်းနေသည့် အမျိုးသားကြီးတစ်ဦးမှ ကလေးငယ်များအား နေအိမ်သို့ ပြန်ကြရန် ပြောကြားခဲ့ရာ ထိုကလေးငယ်မှာ လှမ်းထားသည့် ဘောင်းဘီတိုအား ဝတ်ဆင်ပြီးနောက် ရေထဲသို့ ခုန်ချသွားခဲ့ရာမှ ပြန်ပေါ်လာခြင်းမရှိတော့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဲ့ဒါနဲ့ ရပ်ကွက်ကလူတွေကို လာခေါ်ပြီးလိုက်ရှာကြတယ်။ နောက် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဝိုင်းရှာကြတယ်။ ဒါပေမယ့် ကလေးငယ်ကို ဒီနေ့ မေလ (၁၉) ရက် မွန်းတည့်ချိန်အထိ ရှာမတွေ့သေးဘူးဟု ပြောကြားသည်။

ထိုကလေးငယ် ရေနစ်ပျောက်ဆုံးနေမှုအား ရေငုပ်ကျွမ်းကျင်ပညာရှင်များဖြင့် ရှာဖွေမှုများ လုပ်ဆောင်နေ ကြောင်းနှင့် ထိုကလေးငယ်မှာ ငန်းတေးရပ်ကွက်သို့ ရောက်ရှိလာတာ မကြာသေးကြောင်း ၎င်းကဆိုသည်။

နောက်ဆက်တွဲ သတင်းသတင်း ရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ်၏ ရုပ်အလောင်းအး ငန်းတေးချောင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ရကြောင်းနှင့် ကလေးငယ်၏ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo Credit - အဖြူရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်း (မော်လမြိုင်)

Most Read

Most Recent