■ လာလီဂါသို့ ဟာမီးစ်ရိုဒရီဂွက်ဇ် ပြန်လည်ရောက်ရှိလာဖွယ်ရှိ

■ လာလီဂါသို့ ဟာမီးစ်ရိုဒရီဂွက်ဇ် ပြန်လည်ရောက်ရှိလာဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 23 August 2024

ပြီးခဲ့သည့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ကိုလံဘီယာအသင်းအတွက် ခြေစွမ်းပြခဲ့သည့် တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်သည် လာလီဂါတွင် ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သိရသည်။ 

ဟာမီးစ်ရိုဒရီဂွက်ဇ်(၃၃ နှစ်)သည် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရီးယဲလ် မက်ဒရစ်အသင်းတွင် ကစားခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်တွင်မူ ဆော်ပေါ်လိုအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည်။ 

သို့သော် ကိုပါအမေရိကပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် လာလီဂါကလပ်များဖြစ်သည့် အက်သလက်တီကိုနှင့် ဗယ်လက်ကာနိုအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

ယခုအခါ ဗယ်လက်ကာနိုအသင်းက ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းနေပြီး သဘောတူညီမှုရရှိရန် နီးစပ်နေကြောင်း သိရသည်။

ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ကိုလံဘီယာအသင်းကို ဒုတိယရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး (၁) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၆) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။ 

ဟာမီးစ်ရိုဒရီဂွက်ဇ်အနေဖြင့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်းမှာ ပြိုင်ပွဲသမိုင်းတွင် စံချိန်သစ် ဖြစ်ခဲ့ပြီး ၎င်းသည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။