ရီးယဲလ်တွင် ဗင်နီစီယပ်စ် ဆက်ရှိနေမည်ဟု အန်ဆယ်လော့တီ အာမခံ

ရီးယဲလ်တွင် ဗင်နီစီယပ်စ် ဆက်ရှိနေမည်ဟု အန်ဆယ်လော့တီ အာမခံ
Photo: Real Madrid
Photo: Real Madrid
Published 15 August 2024

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီသည် ယခုရက်ပိုင်းအတွင်း ဆော်ဒီလိဂ်ပြိုင်ပွဲမှ စိတ်ဝင်စားနေသည်ဟူသော သတင်းများထွက်ခဲ့သည့် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် အသင်းတွင်ပင် ဆက်ရှိနေမည်ဟု အာမခံခဲ့သည်။

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် ဗင်နီစီယပ်စ်ကို လက်ရှိ ရီးယဲလ်အသင်းတွင် ရရှိနေသော လစာငွေထက် (၁၃)ဆ ပိုပေးကာ ခေါ်ယူသွားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

''ဒါက ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော် အာမခံနိုင်ပါတယ်။ သြဂုတ်လ(၃၁)ရက်မှာ ပိတ်သိမ်းမယ့် အပြောင်းအရွှေ့ကာလအတွင်း ကောလာဟလမျှသာ ဖြစ်ပါတယ်။ ကောလာဟလတစ်ခုသာဖြစ်ပြီး ဘာမှလည်း မဖြစ်ပါဘူး။ တကယ်တော့ ကောလာဟလတွေဟာ ဗင်နီစီယပ်စ်ကို သက်ရောက်မှုမရှိပါဘူး။ သူ ဒီမှာ ရှိနေပြီး အသင်းမှာ ဆက်ကစားချင်ပါတယ်။  သူက အကောင်းဆုံးပုံစံနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ကူညီချင်ပါတယ်ဒဒဟု အန်ဆယ်လော့တီက ပြောကြားခဲ့ သည်။

ရီးယဲလ်အသင်းသည် ၂၀၂၃ ခုနှစ်တွင် ဗင်နီစီယပ်စ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ရာ ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ်ကိုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

Most Read

Most Recent