ကာဗယ်လ်ညိုကို ဖြစ်သင့်သလောက် မဖြစ်သေးတဲ့၊ ရောက်သင့်တဲ့ အဆင့်ကို မရောက်သေးတဲ့ ကစားသမားလို့ ဆိုရမယ်။ သူက ပရီးမီးယားလိဂ်ပရိသတ်တွေနဲ့ မစိမ်းပေမဲ့ အခုချိန်အထိ လက်ရွေးစင်အသင်းမှာ ကစားရသေးခြင်းမရှိသေးဘူး။ ငယ်ရွယ်စဉ် အင်္ဂလန်လူငယ်အသင်းနဲ့ ပေါ်တူဂီလူငယ်အသင်းတွေမှာ ကာဗယ်လ်ညိုကစားဖူးတယ်။ ပရိုကစားသမားဘဝအစ ဖူလ်ဟမ်အသင်းမှာ ကစားစဉ်ကလည်း အောင်မြင်မှုတချို့ ကာဗယ်လ်ညိုရယူနိုင်ခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းနဲ့လည်း ကာဗယ်လ်ညိုအနေနဲ့ ဂျာမန်စူပါ ဖလားရယူနိုင်ခဲ့သေးတယ်။ ဒါပေမဲ့ ကလော့ပ်မရှိတော့တဲ့ လီဗာပူးလ်အသင်းမှာတော့ ကာဗယ်လ်ညိုအတွက် နေရာမရှိခဲ့ဘူး။ နည်းပြသစ် အာနယ်ဆလော့ရဲ့ အသင်းမှာ ကာဗယ်လ်ညိုအတွက် နေရာမရှိခဲ့ဘူး။ ဒါကြောင့်ပဲ သူကိုယ်တိုင်အနီရောင် မာဆေးဆိုက်ဒ်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ဘရန့်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဘရန့်ဖို့ဒ်နဲ့ အမြင့်ပျံဖို့ကြိုးစားမယ့် ဖေဘီယိုကာဗယ်လ်ညို
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















