■ မားကို့စ်အလွန်ဆိုကို ခေါ်ယူရန် မန်ယူအသင်း စိတ်ဝင်စား

■ မားကို့စ်အလွန်ဆိုကို ခေါ်ယူရန် မန်ယူအသင်း စိတ်ဝင်စား
Published 26 July 2024

မန်ယူအသင်းသည် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားပြီး အသင်း လက်မဲ့ဖြစ်နေသည့် စပိန်နောက်ခံလူ မားကို့စ်အလွန်ဆိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

မားကို့စ်အလွန်ဆို(၃၃ နှစ်)သည် ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်၌ ခြေစွမ်းပြခဲ့ဖူးသူဖြစ်သည်။ 

ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် ၎င်းကို လက်ရှိအချိန်တွင် အက်သလက်တီကိုအသင်းနှင့် စီးရီးအေကလပ်အသင်းများကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

မန်ယူအသင်းသည် ဘယ်နောက်ခံလူများဖြစ်သည့် လုခ်ရှောနှင့် လာမာစီယာတို့ ဒဏ်ရာပြဿနာရှိနေသည့်အတွက် မားကို့စ်အလွန်ဆိုကို ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent